နတ်စင်တစ်ရာဆရာတော်ဦးဆောင်သော စတုဒိသာပင်မအလှူရှင်များနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယကဦးဌေးဦး ပုဂံ-ညောင်ဦးဒေသ မှ ဘုရားပုထိုးစေတီများတွင် လုပ်အားဒါနပြု နေကြသည့် ပါတီဝင်များအား စတုဒိသာလှူဒါန်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာ ကျောင်းတိုက် အထူးသာသနာပြုဆရာတော် ဘဒ္ဒန္တပညာတေဇ ဦးဆောင် ၍ ပင်မစတုဒိသာအလှူရှင် ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် ပင်မစတုဒိသာအလှူရှင်များသည် ယခုလ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အလုပ်အမှုဆောင်များ၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ အလုပ်အမှုဆောင်များနှင့်အတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ ဘုရားပုထိုးစေတီများမှ ဘုရားအမှတ်စဉ် ၂၂ဝ၂ တွင် လုပ်အားဒါနပြုနေကြသော ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၉ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ၂၇၁ ဦး တို့အား စတုဒိသာ (ဒံပေါက်) နှင့်အချိုရည်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့က လုပ်အားဒါနပြုကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၁၉ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များအား ဂုဏ်ပြုငွေများကို ပေးအပ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးစိုင်းခမ်းကော်နှင့် တာဝန်ရှိသူများက လက်ခံယူခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး နှင့်အဖွဲ့သည် ဘုရားအမှတ်စဉ် ၂ဝ၂၂(ဂ)သို့ ရောက်ရှိ၍ ပါတီဝင်များနှင့်အတူ ပါဝင် လုပ်အားဒါနပြုကြပြီးနောက် လုပ်အားဒါနပြုနေကြသည့် ပါတီဝင်များကို လိုက်လံနှုတ်ဆက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


Leave a Reply