ပြည်နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ သံဖြုဇရပ်မြို့နယ် မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးအား တွေ့ဆုံ ။

၂၀၁၆ခုနှစ် စက်တင်ဘာ(၅)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီချိန်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဌ ဦးစိုးထွန်း၊ အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးတို့မှ သံဖြုဇရပ်မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးတို့အား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် အတွင်းရေးမှူးတို့မှ မိမိကိုယ်ကို စတင်မိတ်ဆက်ကာ မိမိပါတီရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များအား တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဌ၊ ခရိုင်ပါတီအတွင်းရေးမှူး၊ ခရိုင်အရန်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ၊ မြို့နယ်ပါတီ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မုဒုံ သား


Leave a Reply