အဘွားနှစ်ဦးအား အလှူငွေကျပ်နှစ်သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် အခြေခံပညာ မူလတန်းလွန်ကျောင်းကို ရေစုပ်စက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးသန်းမြင့် (ခရိုင်တာဝန်ခံ) ဦးဆောင်ပြီး မိတ္ထီလာခရိုင် အတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ အတွင်းရေးမှူး ဦးမျိုးမြင့်သိန်း၊ မြို့နယ်ကော်မတီဝင် များဖြစ်ကြသော ဒေါ်ဝင်းမြင့်သန်း (စည်းရုံးရေးတာဝန်ခံ)၊ ဦးကျော်စွာမောင် (နယ်မြေ တာဝန်ခံ)၊ ဒေါ်လှလှဝင်း (နယ်မြေတာဝန်ခံ)၊ ဦးရန်မျိုးကျော်၊ ဦးစိုးဦး၊ ရုံးအုပ်ကြီး ဦးမြင့်ဟန်ထွန်းတို့ လိုက်ပါလျက် ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှ ကျေးရွာအုပ်စု ဂွေးကန်ကျေးရွာ နေ အသက် ၁ဝ၆ နှစ် ဒေါ်ဖွားကြည် နှင့် လိန်ပင်ကျေးရွာအုပ်စု ထန်းနောင်း ကုန်းကျေးရွာနေ အသက် ၁ဝ၁နှစ်ရှိ အဘွားဒေါ်စောကြည်တိုး တို့နှစ်ဦးအား စက်တင်ဘာလ (၃) ရက်တွင် အိမ်တိုင်ရာရောက်သွားရောက်ပြီး အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်( နိုင်ငံတော် သမ္မတ-ငြိမ်း)နှင့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းနာယကကြီး ကိုယ်စား(ရာဇသင်္ဂဟဖောင်ဒေးရှင်း)မှ ပေးအပ်လှူဒါန်းသော အလှူငွေ များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ တို့ကို လက်ရောက်ပေးအပ် ကန်တော့ခဲ့သည်။

ဆက်လက်၍ ဦးသန်းမြင့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် (ခရိုင်တာဝန်ခံ) နှင့်အဖွဲ့တို့ သည် ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာအုပ်စု ဖလန်ကန်ကျေးရွာ မူလတန်းလွန်ကျောင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ များ သောက်သုံးရေလွယ်ကူစေရန်အတွက် အသင့်တူးဖော်ပြီးသော စက်ရေတွင်းတွင် လိုအပ်နေသော ရေစုပ်စက်ကို ရပ်မိရပ်ဖများရှေ့ မှောက်တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Union daily


Leave a Reply