ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းငွေများ ရန်ကင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများထံ ပေးအပ်လှူဒါန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း) ဦးဆောင်သည့် “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ လှူဒါန်းသော အသက်(၁၀၀)နှင့် အထက် အဘိုးအဘွား ထောက်ပံ့ငွေများအား စက်တင်ဘာလ (၄) ရက် နေ့လည် (၂) နာရီအချိန်တွင် ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ပါသည်။

အဆိုပါထောက်ပံ့ငွေများအား ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ မြို့နယ်အတွင်းရေးမှူး ဦးအောင်ဇော်ရဲ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဒေါ်ယဉ်ချောလှိုင်၊ ဦးအေးအောင်၊ ဦးတင်ထွန်းတို့အဖွဲ့သည် ရန်ကင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်နေ အသက် (၁၀၂) နှစ်ရှိ ဦးစိန် အားလည်းကောင်း၊ မြို့နယ်ဥက္ကဌဦးဘချစ်နှင့် မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဦးသောင်းကျော်၊ ဦးတင်အောင်၊ ဦးကျော်သူရ၊ ဒေါ်မြင့်မြင့် တို့အဖွဲ့သည် ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက် ရန်ငြိမ်းလမ်းသွယ်(၃) တိုက်အမှတ်(၂၂၄) အခန်း(၆)နေ အသက်(၁၀၁)နှစ်ရှိ ဒေါ်သန်းကြည်ကြည်အား လည်းကောင်း ထောက်ပံ့ငွေများကို တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဘချစ်


Leave a Reply