ရန်ကုန်တိုင်းဒေသကြီးပါတီ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်စည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယနေ့ (၃၀-၈-၂၀၁၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်က တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ခေါင်းဆောင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်၍ အဖွင့်လမ်းညွှန်အမှာစကား ပြောကြား ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီ အမျိုးသမီးခေါင်းဆောင်များဖြစ်သည့် ဒေါ်စန်းစန်းဝင်း၊ ဒေါ်သင်းသင်းမိုး၊ ဒေါ်အေးမင်းမိုးတို့က သက်ဆိုင်ရာကဏ္ဌ အလိုက် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ခရိုင် လေးခရိုင် နှင့် မြို့နယ်အလိုက် အမျိုးသမီးခေါင်းဆောင်များမှ လုပ်ငန်းဆောင်ရွက်မှု များကို အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Yangon Regional Union Solidarity Development Party Campaign and Activities


Leave a Reply