တိုင်း၊ ခရိုင်၊ /မြို့နယ်ပါတီကော်မတီဝင်များ ပုသိမ်မြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

14051834_672105852963695_7549253806924395522_n

ဧရာဝတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီဝင် ဦးဥာဏ်လင်း၊ ပုသိမ်ခရိုင် အတွင်းရေးမှူး ဦးကျော်ကျော်၊ ကော်မတီဝင် ဦးလှဌေး၊ ပုသိမ်မြို့နယ် အတွင်းရေးမှူး ဦးဌေးမင်းလွင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးသိဏ်းထွဏ်း၊ ဦးကျော်သိန်းထွန်း၊ ဦးကိုကိုလေး၊ ဦးအောင်စိုးဦး၊ ဦးကျော်ထွန်းဇော်၊ ဦးထွန်းထွန်းဦး၊ ခရိုင်/မြို့နယ်ရုံးအဖွဲ့ဝင်များ၊ ဒေသခံ ရပ်ကျေးပါတီ ခေါင်းဆောင်နှင့် ပါတီဝင်များ ပါဝင်သော အဖွဲ့သည် သြဂုတ်လ (၁၈) ရက် နံနက် (၁၁) နာရီအချိန်မှ စတင်၍ ရေကြီးနစ်မြုပ်လျှက်ရှိသော ထန်းကုန်းကျေးရွာ၊ ထန်းကန့်လန့်ကျေးရွာအုပ်စု၊ အစုကြီး၊ ဇီးကုန်း ကျေးရွာများသို့ သွားရောက်ပြီး ရေဘေးသင့် ဒေသခံပြည်သူများ အတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ဗူးများအား တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်လှူဒါန်း ပံ့ပိုးကူညီ ပေးခဲ့ကြကြောင်း သိရသည်။

USDP Ayeyarwady Region-Page 


Leave a Reply