တပ်မတော်ဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာသို့ သြဂုတ် (၁၈) ရက်နေ့က အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်ဦးဆောင်သော တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကို၊ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်နန်းရွှေဥနှင့် ခရိုင်အငယ်တန်းစာရေး ဒေါ်ရာခလေတို့သည် မိမိတို့ပါတီဝင် ကျေးရွာ၏ ကျန်းမာရေး စောင့်ရှောက်ပေးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆိုက်ခေါင်ကျေးရွာမှ ကျား (၂၄) ဦး၊ မ (၃၅) ဦး၊ ကလေး (၃၆) ဦး၊ စုစုပေါင်း (၉၅) ဦးအား ဆေးကုသမှုပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို မှ ကျေးရွာ အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


Leave a Reply