ဒုတိယအကြိမ်ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို ကြိုဆိုသောအားဖြင့် ဘကကျောင်းနှင့်ကံကြီးပရဟိတမိဘမဲ့ဂေဟာတွင်အလှူငွေလှူဒါန်း

မကွေးတိုင်းဒေသကြီး ဆော မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံကိုကြိုဆို သောအားဖြင့် ဆောမြို့နယ်ဆောမြို့ ဘကကျောင်းနှင့် ကံကြီးလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာတို့အား အလှူငွေနှင့်စာအုပ်၊ ခဲတံ၊ အဝတ် အစားများ ပေးအပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ ဂန့်ဂေါ ခရိုင် ခရိုင်ကော်မတီဝင် ဦးသိန်း ထွန်း၊ ဆောမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဌေးမောင်၊ ဘဏ္ဍာရေးမှူး ဦးတင်ထွဋ်နှင့် မြို့နယ်ကော်မတီ ဝင်များတက်ရောက်ခဲ့ပြီး နံနက် ၉နာရီတွင် ဆောမြို့ ဘက ကျောင်း၌ လှူဒါန်းခဲ့ရာ နံနက် ၁၁နာရီတွင် အလှူငွေ ကျပ် ၁၁၇ဝဝဝ၊ ဗလာစာအုပ်နှင့်အဝတ် အစားများပေးအပ်လှူဒါန်းခဲ့သည်။ ကံကြီးလူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် ပထမတန်းကျောင်းသား တစ်ဦး၊ ဒုတိယတန်း နှစ်ဦး၊ တတိယတန်း သုံးဦး၊စတုတ္ထတန်းလေးဦး၊ ပဉ္စမ တန်း ခုနစ်ဦး၊ ဆဋ္ဌမတန်း သုံးဦး၊ သတ္တမတန်းငါးဦး၊အဋ္ဌမတန်းနှစ်ဦး၊ နဝမတန်း၁၃ဦး၊ဒသမတန်း ငါးဦး စုစုပေါင်း ၄၅ဦးတို့အား ကံကြီး ဆရာတော်က ဦးစီးပြီး ဂေဟာမှူး အဖွဲ့တို့ကကြိုးစားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Union daily


Leave a Reply