ရသေ့တောင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ သြဂုတ်လ (၁) ရက် နေ့လည် (၁၂) နာရီ (၂၀) မိနစ်အချိန်က မြို့နယ်ကော်မတီဝင်များ၊ အရံမြို့နယ်ကော်မတီဝင်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး တစ်ဦးချင်းစီ၏ ပါတီအပေါ် ထားရှိရမည့်စိတ်ဓါတ်များအား မွေးမြူးကြရ မည်ဟု ဆွေးနွေးက အတွင်းရေးမှူးမှ ပါတီ၏ လက်ရှိဆောင်ရွက်နေမှုများ အား ရှင်းလင်းခြင်း၊ အားလုံးစည်းလုံးညီညွတ်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးကာ တက်ရောက်လာကြသော ကော်မတီဝင်များ တစ်ဦးချင်း မိတ်ဆက်ခြင်း၊ မိမိထင်မြင်ချက်များအား ပါတီအောင်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြကာ မြို့နယ်ပါတီဥက္ကဌမှ ဆွေးနွေးချက်များအား ပြန်လည်ဆွေးနွေး၍ မွန်းလွဲ (၁) နာရီ (၄၅) မိနစ်အချိန်တွင် တွေ့ဆုံပွဲ ပြီးဆုံးကြောင်း သိရှိရသည်။

Thaungyan


Leave a Reply