Update လုပ်မယ့် App ရဲ့ဖိုင်ဆိုက်ကို တစ်ဝက်အထိလျှော့ချပေးသွားမယ့် Google Play Store

ကျွန်မတို့အနေနဲ့ Google Play Store မှာ အက်ပလီကေးရှင်းတစ်ခုခုကို Update ပြုလုပ်မယ်ဆိုတိုင်း ဖိုင်ဆိုက်တွေ ကြီးလွန်းနေတာကြောင့် ဖုန်းဘေလ် အကုန်အကျအရမ်းများပါတယ်။ အခုအချိန်မှာတော့ ဒီလို မဖြစ်ရအောင် Google Play Store က ပြင်ဆင်ပေးလိုက်ပြီဖြစ်ပြီး အယ်လ်ဂိုရီသမ်နည်းပညာနဲ့ အခုလိုမျိုး Update ပြုလုပ်မယ့် ပမာဏလောက်ကိုသာ ဒေါင်းလုဒ်ပြုလုပ်စေမှာဖြစ်ပါတယ်။

Google+Play+store

ဒီလုပ်ဆောင်ချက်ကတော့ Google Play Store မှာရှိနေတဲ့ အက်ပလီကေးရှင်းရဲ့ ၉၈ ရာနှုန်းမှာ ရရှိနေပြီဖြစ်ပြီး ၅၀ ရာနှုန်းအထိ ဖိုင်လ်ဆိုက်ကို လျှော့ချပေးသွားနိုင်မယ်လို့ Google က ဆိုပါတယ်။ Update ပြုလုပ်မယ့် အက်ပလီကေးရှင်းမှာရှိပြီးသားဖြစ်တဲ့ တစ်ချို့အပိုင်းတွေကို ဖုန်းထဲမှာ ချန်ထားမှာဖြစ်ပြီး Update ပြုလုပ်မယ့် အပိုင်းကိုသာ ဒေါင်းလုဒ်ဆွဲစေမှာဖြစ်ပါတယ်။

ဒါဟာ 2GB လောက်ရှိတဲ့ဖိုင်လ်ကို 1GB လောက်သာ ကုန်ကျစေမှာဖြစ်တာကြောင့် အရမ်းကို အကျိုးရှိမယ့် လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်ပါတယ်။

Google ကတော့ သင့်ရဲ့ အခက်အခဲဖြစ်နေတဲ့အပိုင်းတွေကို အမြဲတမ်းစောင့်ကြည့်လျက်ရှိနေပြီး သူတို့လုပ်ပေး နိုင်တဲ့နေရာအထိ အလွယ်တကူ ဖြစ်သွားအောင် ပြုလုပ်ပေးနေကျပါ။ ဒ့ါကြောင့်လည်း Android ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး OS တစ်ခုဖြစ်လာတယ်လို့ ထင်မိပါတယ်။

#technology.thithtoolwin.com


Leave a Reply