အမှတ်တံဆိပ် ၁၄ ခုမှ စမတ်နာရီပုံစံသစ် ၃၀၀ကို Fossil မိတ်ဆက်

Fossil Group ဟာ Armani, DKNY နဲ့ Kat Spade အပါအဝင် အမှတ်တံဆိပ် ၁၄ ခုက နာရီစတိုင်လ်သစ် ၃၀၀ ကျော်ကို ဖြန့်ချိရောင်းချမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Fossil အနေနဲ့ ဝယ်လိုအား လျော့နည်းနေတဲ့ စမတ်နာရီကဏ္ဍထဲကို ခြေတစ်လှမ်းချလိုက်ပါပြီ။

 

Fossil ဟာ စမတ်နာရီကို ကွဲပြားခြားနားတဲ့ အခြေခံစတိုင်လ် သုံးမျိုးနဲ့ ဖန်တီးထုတ်လုပ်သွားမှာပါ။ အဲဒီ စတိုင်လ်တွေကတော့ hybrid, digital နဲ့ tracking တို့ပဲဖြစ်ပါတယ်။ Hybrid စတိုင်လ်မှာ ရှေးမူမပျက် နာရီ interface တစ်ခုပါဝင်လာတယ်။ Digital စတိုင်လ်ကတော့ Apple ဒါမှမဟုတ် Samsung က စမတ်နာရီတွေ ပုံစံမျိုး ဖြစ်ပါတယ်။ Fibit ဒါမှမဟုတ် Jawbone စမတ်နာရီတွေကတော့ tracking စတိုင်လ်ပါ။

စတိုင်လ်သုံးမျိုးစလုံးပါတဲ့ အမှတ်တံဆိပ် ၁၄ ခုကတော့ DKNY, Marc Jacobs, Michele, Relic, Tory Burch, Armani Exchange, Chaps, Diesel, Emporio Armani, Kate Spade New York, Misfit, Michael Kors, Skagen နဲ့ Fossil တို့ဖြစ်ပါတယ်။ Fossil Group ဟာ ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့က ရုံးချုပ်မှာပြုလုပ်တဲ့ Baselworld ပြပွဲမှာ စမတ်နာရီဒီဇိုင်းသစ်တချို့ကို ပြသထားပါတယ်။

အဲဒီထုတ်ကုန်တွေကို တစ်နှစ်တာပတ်လုံး ဖြန့်ချိရောင်းချသွားမှာပါ။ အချို့စမတ်နာရီတွေကို လာမယ့်လမှာ စတင်ရောင်းချမှာ ဖြစ်သလို အချို့ကိုတော့ နိုဝင်ဘာလမှပဲ ရောင်းချမယ်လို့ သိရပါတယ်။

Ref: TechnoBuffalo