အောင်ဗောဓိစေတီရင်ပြင်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂ဝ ရပ်ကွက် ကန်တော်မင်္ဂလာလမ်း ရှိ အောင်ဗောဓိစေတီတော် ဘုရားရင်ပြင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးလူငယ်ထုများစုပေါင်း၍ ဇူလိုင် (၃၁) ရက် နံနက် (၇) နာရီတွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှနာယက ဒေါက်တာ ခင်မောင်ထွန်း၊ အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီခေါင်းဆောင်များနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား (၁၅ဝ)က စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်နီ(ဒဂုံတောင်)


Leave a Reply