ဝါဆိုတော်မူကြမည့်သံဃာတော်များအား ဝါဆိုပန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆရာ ဒကာကျောင်းဖြစ်သော ဟင်္သာတသုံးထပ်စာသင်တိုက်တွင် ဝါဆိုတော်မူကြမည့် ဆရာတော် ဦးဝဏ္ဏိတနှင့် သံဃာတော်များအား ဝါဆိုပန်းများကို ယခုလ ၂၁ ရက် ညနေ ၆ နာရီတွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

၎င်းလှူဒါန်းပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ၂ဝ မှပါတီဝင်များ တက်ရောက်လှူဒါန်းကြကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)


Leave a Reply