မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ဖွဲ့ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဇူလိုင်လ (၄) ရက်က နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

13533343_1190024771037337_414246928080610227_n

အခမ်းအနားသို့ ပြည်နယ်ပါတီ အလုပ်အမှုဆောင်များဖြစ်ကြသော ဦးစိုင်းဟွမ်နွဲ့၊ ဦးအားဖာနှင့် ဦးစိုင်းဆိုင်ကျောက်ဆမ်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား (၄၆)ဦး တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် မိုင်းခတ်မြို့နယ် အား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းမုန့် မြို့နယ်ပါတီအတွင်းရေးမှူးအဖြစ် ဦးဇော်သုလွင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအားဂေနှင့် မြို့နယ်ပါတီ ကော်မတီ ၀င်များကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး နံနက် (၁၀) နာရီ (၁၅) မိနစ်အချိန်တွင် ကြွေးကြော်သံများဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

မှတ်တမ်းသတင်းဓါတ်ပုံ။ ‪#‎ZawthuLwin‬

ရှမ်းပြည်နယ် (အရှေ့ပိုင်း)သတင်းစုံ


Leave a Reply