ကျောက်မဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ ( ဇူလိုင် ၄ ရက် ) နံနက် (၉) နာရီအချိန် ခရိုင်ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပြည်နယ်ပါတီ ကော်မတီဝင်များ တက်ရောက်သည်။

မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ရာတွင် ခရိုင်ပါတီဥက္ကဋ္ဌ အဖြစ် ဦးဝင်းမြင့်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးသန်းထိုက်ဇော်၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူးအဖြစ် ဦးအောင်ဝင်းလေးတို့ကို ရွေးချယ်ခဲ့သည်။

ထို့နောက် ပြည်နယ်ပါတီမျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ရန် ဦးခင်မောင်ချို နှင့် ဒေါ်နန်းမိုခမ်း တို့အား ရွေးချယ်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

Credit – Shan North


Leave a Reply