ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သင်္ဃန်းကျွန်းမြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်အားပေးချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ပွဲအခမ်းအနားကို ဇွန်လ (၂၉) ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီရုံး၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။

13567446_1070253746344968_9006130793252806563_n


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်း၊တိုင်းဒေသကြီးကော်မတီဝင်များဖြစ်ကြသော ဦးတင်လှိုင်၊ ဒေါ်စန်းစန်းဝင်း၊ ရန်ကုန် အရှေ့ပိုင်း ခရိုင်အတွင်းရေးမှူး ဦးစိန်မြင့်နှင့် ခရိုင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ သဘာပတိအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရွေးချယ်ရေးနာယက ဦးမြင့် ဟန်နှင့် သဘာပတိ အဖွဲ့ဝင်များ၊ ခရိုင်ကော်မတီဝင်များဖြစ်ကြသော ဒေါ်အေးအေးမြင့်၊ ဦးကျော်စိုး၊ ဒေါ်ဇာခြည်လင်း၊ ဦးနိုင်အောင်၊ ဦးသိန်းကျော်အောင်၊ ဦးဝဏ္ဏမျိုး၊ ဒေါ်ဝင်းဝင်းအောင်၊ ပါတီကော်မတီ နာယကလူကြီးများ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ စည်းရုံးရေးမှူးများ၊ ရပ်ကွက် ၃၈ ရပ်ကွက်မှ ကိုယ်စားလှယ် ၇၇ ဦး နှင့် အခြားဖိတ်ကြားထားသော အမာခံပါတီဝင်များ စုစုပေါင်း အင်အား ၁၂ဝခန့် တက်ရောက်ခဲ့ ကြသည်။ အခမ်းအနားကို အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ရာ အစီအစဉ် ပထမပိုင်းအနေဖြင့် တိုင်းဒေသကြီးရွေးချယ်ရေး ကော်မတီအဖွဲ့ သဘာပတိ ဦးမြင့်ဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီ ကော်မတီ၏ ပါတီလုပ်ငန်းများ ဆောင်ရွက်မှုအစီရင်ခံစာကို ပါတီဝင်တစ်ဦးက ဖတ်ကြားတင်ပြခဲ့သည်။

13567494_281477582204432_1887095936330156660_n


ထို့နောက် အစုအဖွဲ့များ၏စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ စာတမ်းများ တင်သွင်းမှုအပေါ်တွင် မြို့နယ်ပါတီအတွင်းရေးမှူးက ပြန်လည်ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်ပါတီကော်မတီဝင်ဟောင်း များ နုတ်ထွက်ကြောင်း ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်း အဝေးပထမပိုင်းကို ရပ်နားသည်။
အခမ်းအနားဒုတိယပိုင်းစီအစဉ်အဖြစ် မြို့နယ်ပြန်လည်ပြင်ဆင် ရွေးချယ်ရေးဥက္ကဋ္ဌ ဦးစိန်မြင့်က အဖွင့်အမှာစကားနှင့်ပါတီကော်မတီဝင် ရွေးချယ်ခြင်းဆိုင်ရာစည်းကမ်းချက်၊ သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီရွေးချယ်ပွဲကိုပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော ပါတီဝင်များ၏ သဘောတူညီမှု ရယူ၍ မြို့နယ် ပါတီကော်မတီဝင်အသစ်များနှင့် အရန်ကော်မတီဝင်အသစ်များ၏ အမည်စာရင်းကို အတည်ပြု ကြေညာခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးအောင်မြတ်ဇော်၊ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ဌေး၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးကိုကိုနိုင်တို့ကို ရွေးချယ်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီ ဝင်အသစ်များ၊ အရန်ကော်မတီဝင်အသစ်များနှင့် ရပ်ကွက်ပါတီ ခေါင်းဆောင်များက သဘာပတိအဖွဲ့ရှေ့မှောက်တွင် ကတိသစ္စာခံ ယူကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌအသစ် ဦးအောင်မြတ်ဇော်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆက်လက်၍ ခရိုင်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ သဘာပတိဦးစိန်မြင့်က နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

စိုးစိုးစံ


Leave a Reply