“လူမှန်နေရာမှန်၊ စစ်မှန်သောခေါင်းဆောင်များကို ရွေးချယ်ပေးကြရန်” မိုးညှင်းခရိုင် နယ်မြေတာဝန်ခံ ဦးကျော်စိုးလေး ပြောကြား

“အိမ်ထောင်ဦးစီးကို မည်သူမျှ တာဝန်ပေးခန့်အပ်ခဲ့ခြင်း မဟုတ်ကြောင်း၊ သို့သော် မိသားစုတစ်စုရဲ့ ခေါင်းဆောင်ပီသစွာ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်အဝနဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေ စေရန် ကျားကုတ်ကျားခဲ အားထုတ်ကြိုးပမ်းခဲ့ကြကြောင်း၊

ထိုနည်းတူ အဖွဲ့အစည်းတစ်ခု၊ ဒေသတစ်ခု နိုင်ငံတစ်ခုတွင် ခေါင်းဆောင် များရှိကြကြောင်း၊ အဆိုပါ ခေါင်းဆောင်များကိုမူ တာဝန်ပေး ခန့်အပ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ သို့သော် အဆိုပါခေါင်းဆောင်များသည် လွတ်လပ်စွာ တွေးခေါ် မြော်မြင် ဆုံးဖြတ်ဆောင်ရွက်ခွင့်မရှိဘဲ ညွှန်ကြားမှလုပ်မည်၊ ခိုင်းမှလုပ်မည် ဆိုပါက ကိုယ်စားပြုခေါင်းဆောင်မဟုတ်ပဲ ဟုတ်ကဲ့ခေါင်းဆောင် ဟန်ပြ ခေါင်းဆောင်သာ ဖြစ်သွားမည်ဖြစ်ပါကြောင်း၊

သို့ပါ၍ မိမိတို့ပါတီအဆင့်ဆင့်အနေနှင့် လူမှန်နေရာမှန်၊ စစ်မှန်သော ခေါင်းဆောင်များကို ရွေးချယ်ပေးကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိုးညှင်းခရိုင် နယ်မြေတာဝန်ခံ ဦးကျော်စိုးလေးက ယခုလ (၂၀) ရက်က ကျင်းပသော မိုးညှင်းခရိုင် နယ်မြေတာဝန်ခံ ဦးကျော်စိုးလေး က ယခုလ (၂၀) ရက်က ကျင်းပသော ပါတီပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး အကြိုညှိနှိုင်း အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။

credit- Sai Say Kham


Leave a Reply