အုတ်တွင်းပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ မျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည်ဖွဲ့စည်းရေးကို ဇွန်လ (၁၆) ရက် နံနက် (၁၀) နာရီမှ ညနေ (၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

13502087_397065137135286_4243034920744882754_n

အစည်းအဝေးသို့ တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်ကွက်/ကျေးရွာအုပ်စု (ပ/ဒု) ခေါင်းဆောင် များ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ မြို့နယ်ပါတီကော်မတီလောင်း (၃၀) ဦး အမည် စာရင်းအား တင်သွင်းပြီး မဲပေးရွေးချယ်၍ အမှတ်အများဆုံး ရရှိသူ (၁၅) ဦးအား အတည်ပြုရွေးချယ်ကာ ရွေးချယ်ခံရသူ များမှ ကတိသစ္စခံယူကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Credit – Specialmankto Specialmankto


Leave a Reply