ပထမဦးဆုံး Project Tango ဖုန်းဖြစ်သည့် Phab2 Pro ကို Lenovo မိတ်ဆက်

Lenovo သည် ပထမဦးဆုံး Project Tango ဖုန်းဖြစ်သည့် Phab2 Pro ကို Tech World 2016 ကွန်ဖရင့်စ်တွင် မိတ်ဆက်ပြသခဲ့သည်။

Lenovo Phab2 Pro ကို သတ္တုစပ်ကိုယ်ထည်ဖြင့် ဖန်တီးထားပြီး ရွှေရောင်နှင့် ငွေရောင်ဖြင့်ရရှိနိုင်သည်။ ၎င်းတွင် ၆.၄ လက်မ QHD IPS touchscreen ကို အသုံးပြုထားပြီး ကင်မရာ လေးခုထက်မနည်း ပါဝင်သည်။ အရှေ့ဘက် တွင် 8MP selfie ကင်မရာပါဝင်ပြီး ကျောဘက်တွင် 16MP ကင်မရာပါဝင်သည်။

ထို့အပြင် depth ကင်မရာနှင့် motion tracking ကင်မရာတို့ကိုလည်း ကျောဘက်တွင် ထည့်သွင်းပေးထားသည်။ Android 6.0 Marshmallow ကို အသုံးပြုထားပြီး လက်ဗွေဖတ်စနစ်တစ်ခုကို ထောက်ပံ့ပေးထားသည်။

ဘက်ထရီက 4,050mAh ဖြစ်သည်။ Qualcomm ၏ Snapdragon 652 chipset ကို အသုံးပြုထားပြီး Dolby Atmos နည်းပညာကို ထည့်သွင်းပေးထားသည်။ RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်သည်။ သိုလှောင်မှုပမာဏကို microSD မှတစ်ဆင့် တိုးမြှင့်နိုင်သည်။

Project Tango ကြောင့် ဖုန်းတွင်ပါဝင်သည့် motion tracking နှင့် depth sensing ကင်မရာတို့ကို အသုံးပြုကာ အကျယ်အဝန်းပမာဏကို သိရှိနိုင်သည်။ ထို့အပြင် နေရာလွတ်များ ရေးဆွဲခြင်း၊ အရာဝတ္ထုများကို ခြေရာခံခြင်းနှင့် real-world နေရာလွတ်တစ်ခုတွင် virtual effect များ ရေးဆွဲဖော်ပြခြင်းတို့ ပြုလုပ်နိုင်သည်။

Tango content အတွက် အထူး app store တစ်ခုကို Phab 2 Pro နှင့်အတူ ထည့်သွင်းပေးမည်ဖြစ်ကြောင်း၊ ကနဦးတွင် app ၂၅ ခု ခန့်သာ ပါဝင်မည်ဖြစ်သော်လည်း ယခုနှစ်ကုန်ပိုင်းတွင် app ၁၀၀ ခန့် အသုံးပြုနိုင် မည်ဖြစ်ကြောင်း Lenovo မှ ပြောကြားခဲ့သည်။

Lenovo Phab2 Pro ကို သြဂုတ်လတွင် အွန်လိုင်းမှ ရရှိနိုင်ပြီး စက်တင်ဘာလတွင်မူ စတိုးများ၌ ရရှိနိုင်မည် ဖြစ်ပြီး တန်ဖိုးမှာ ၄၉၉ ဒေါ်လာဖြစ်သည်ဟု သိရသည်။

Internet Journal


Leave a Reply