Xiaomi ၏ Mi Max စမတ်ဖုန်း ပြည်တွင်းမိတ်ဆက်ပွဲနှင့် ကြိုတင်မှာယူနိုင်သည့် နေ့ရက်အား ထုတ်ပြန်ကြေညာ

Xiaomi ၏ ထုတ်ကုန်သစ်တစ်ခုဖြစ်သော Mi Max စမတ်ဖုန်း ပြည်တွင်းမိတ်ဆက်ပွဲအား ဇူလိုင်လ (၁၆) ရက် နေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Xiaomi ၏ ပြည်တွင်းတစ်ဦးတည်း ဖြန့်ချိခွင့်ရ ကိုယ်စားလှယ်ဖြစ်သည့် Strong Source Co.,Ltd မှ သိရသည်။

အဆိုပါ Mi Max မိတ်ဆက်ပွဲတွင် ပြည်တွင်း၏ နာမည်ကျော် ရော့ခ်ဂီတအဖွဲ့တစ်ခုဖြစ်သော Iron Cross တေးဂီတအဖွဲ့နှင့်အတူ Eulogia Choir Group, မြန်မာ့ရုပ်သေး အစရှိသော အနုပညာရှင်တို့၏ ဖျော်ဖြေ တင်ဆက်မှုပေါင်းများစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Mi Max မိတ်ဆက်ပွဲသို့ တက်ရောက်ခွင့်ရရှိမည့် Mi Fan အယောက် ၅၀၀ ကိုလည်း မကြာမီအချိန်တွင် ကြေညာ ဖိတ်ကြားပေးသွားမည်ဖြစ်သည့်အပြင် Mi Max စမတ်ဖုန်းအား ကြိုတင်မှာယူစနစ် (Preorder) ဖြင့် ၀ယ်ယူသူ အယောက် ၅၀၀ ကိုလည်း အဆိုပါမိတ်ဆက်ပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Mi Max အား ကြိုတင်မှာယူစနစ် (Preorder) ၀ယ်ယူလိုသူများအနေဖြင့် ရန်ကုန်မြို့တွင် လသာမြို့နယ် လသာ လမ်းရှိ Mi Home, လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းရှိ Mi Home, ယုဇနပလာဇာ ပထမထပ် ကားပါကင်အနီးရှိ Mi Home တို့တွင် စတင်မှာယူနိုင်ပြီဖြစ်ပြီး မှာယူခြင်းအတွက် ကြိုတင်ပေးသွင်းငွေ စရံ ၁၀၀,၀၀၀ ကျပ်ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။

နယ်မှ Preorder မှာယူလိုသူများအနေဖြင့် Hot Line နံပါတ် ၀၉ ၂၆၂၆၀၀၀၀၇ နှင့် ၀၉ ၂၆၂၆၀၀၀၀၈ တို့သို့ ဆက်သွယ်မှာယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူခြင်းအတွက် စရံငွေ ကျပ် ၁၀၀,၀၀၀ အား KBZ Bank Account: 23550100702711201 သို့ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

Mi Max မိတ်ဆက်ပွဲတွင် ပျော်ရွှင်ဖွယ်ဂိမ်းများကို ကစားရင်းဖြင့် Xiaomi ၏ ဆုလက်ဆောင်များကို ရရှိနိုင်သော အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး Xiaomi ၏ Mi Max Smart Phone, Mi TV, Mi Air Purifire, Ninebot Mini, Mi Power Bank, Mi Band နှင့် အခြားဆုမဲပေါင်းများစွာကိုလည်း ကံစမ်းမဲ ဖောက်ပေးသွားမည်ဖြစ်ပြီး Mi Max Smart Phone ၏ ကြိုတင်မှာယူ ဈေးနှုန်းမှာ ၂၆၅,၀၀၀ ကျပ်ဖြစ်သည်ဟု သိရသည်။

Internet Journal


Leave a Reply