ပြည်နယ်တာဝန်ခံနှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ တို့၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

13335852_1758632777688291_7400041584158033453_n

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်း အဝေးကို ဇွန်လ (၆) ရက် နေ့လည် (၁) နာရီခွဲ အချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဆိုင်းလမှ ပြည်နယ်ပါတီရုံး၌ပြုလုပ်ခဲ့သည့် ဗဟိုအကြံပေး ( ကချင်ပြည်နယ် တာဝန်ခံ) ဦးသိန်းဇော်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်းတို့၏ လမ်းညွှန်ချက် များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တနိုင်းမြို့နယ်တွင် သတင်းမီဒီယာသင်တန်း ဖွင့်လှစ်သွားမည့် ကိစ္စများကို မြို့နယ်ပါတီကော်မတီဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းအစည်းအဝေးသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဆိုင်းလ၊ မြို့နယ်ပါတီ ကော်မတီဝင်များ ဖြစ်ကြသော ဦးဘောမ်ဆောင်၊ ဦးသန်းမောင်၊ ဦးသောင်းရွှေ၊ ဦးကျော်ကျော်ခိုင်၊ ဦးငွားဆီး၊ ဦးဇော်မိုင်၊ ဒေါ်ဂျာအောင်၊ ဦးအောင်လင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Leave a Reply