ရေတာရှည်ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီများ ပြန်လည်ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ အလုပ်အမှုဆောင်များအဖွဲ့သည် ကြာအင်းကုန်း ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးအတွက် မေလ (၁၀) ရက်က ကြာအင်းကုန်းကျေးရွာသို့ သွားရောက်၍ အုပ်စုအတွင်းရှိ ဂွေးခုံ၊ ငှက်ပျောတော၊ ကိုးတန်း၊ ထန်းပင်ကုန်း၊ မြောင်းတူးနှင့် ဆောင်အိုင်ရွာများမှ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အုပ်စုခေါင်းဆောင်နှင့် ရွာခွဲခေါင်းဆောင်များအား ရွေးချယ်ပွဲ ပြုလုပ်ခဲ့ကြသည်။

ကြာအင်းကုန်းကျေးရွာအုပ်စုသည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့သည့် ကျေးရွာအုပ်စု ကြီးဖြစ်သည့်အလျောက် ပါတီဖွဲ့စည်းညီညွတ်မှုအား အလွန် ကောင်းမွန်သည့်အတွက် လက်ရှိအုပ်စု စည်းရုံးရေးမှူး ဦးသန်းနိုင်ဦး ခေါင်းဆောင်သည့် ကျေးရွာပါတီဖွဲ့စည်းပုံအတိုင်း ရွာခွဲခေါင်းဆောင်များမှ ဆန္ဒပြု ရွေးချယ်ကြသဖြင့် ကန့်ကွက်သူမရှိ အတည်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။


Leave a Reply