တာချီလိတ် မီးဘေးသင့်ပြည်သူများ အတွက် အလှူငွေများ လှူဒါန်း

TCLLL

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် ဧပြီလ (၉) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် လူနေအိမ်(၂၉)လုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု (၁၆၉)စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့်အတွက် မဟာမြတ်မုနိဘုန်းကြီးကျောင်းတွင် ယာယီ ကယ်ဆယ် ရေးစခန်း ဖွင့်လှစ်ပြီး မြို့နယ်အစီအစဉ်ဖြင့် စားသောက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျှက် ရှိသည်။

TCLL1

အဆိုပါ မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူများအတွက် လိုအပ်သည်များ ကူညီနိုင်ရေးအတွက် မကာဟိုခမ်းရပ်ကွက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးစိုင်းထွန်းခိုင်၊ တွဲဘက်စည်းရုံးရေးမှူး ဦးစိုးကျော်အောင်တို့မှ အချိန်ပြည့် အနီးကပ်ကူညီမှုများ ဆောင်ရွက်လျှက်ရှိပြီး ဧပြီ (၁၁) ရက်နေ့ တွင် မဟာမြတ်မုနိ အလှူခံဌာန၌ ခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး  ဦးဘိုစံမှ ခရိုင်/မြို့နယ်ပါတီ မှလှူဒါန်းငွေ ကျပ် (၈) သိန်း အားလည်းကောင်း၊ ဗဟို(အရံ)ကော်မတီဝင် ဦးဝီလ်မိုး(မိသားစု) လှူဒါန်းသည့် ငွေကျပ် (၂) သိန်း အား မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်းမှ လည်းကောင်း၊ ဗဟို(အရံ)ကော်မတီဝင် ဒေါ်တင်မေထွန်း (မိသားစု)မှ လှူဒါန်းသည့် ငွေကျပ် (၂)သိန်းအား စည်းရုံးရေးမှူး ဦးဘိုဘိုမောင်မှ လည်းကောင်း၊ “မေတ္တာရှင်” လူမှုကူညီရေးအသင်းမှ လှူဒါန်းသည့် ငွေကျပ်(၂)သိန်းအား ဒု-ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် ကော်မတီအဖွဲ့များမှ လှူဒါန်းရာ မြို့မိမြို့ဖ ဦးမောင်လေး (အဆွေတော် မိသားစု) ဦးကြည့်မြင့်၊ ဦးကျော်ငြိမ်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်အောင်တို့မှ လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ သမီးလေးမွန်မြတ်ကျော်မှ ငွေကျပ်(၃)သောင်းနှင့် ဆန်(၁) အိတ်အား စည်းရုံးရေးမှူး ဦးစိုးကျော်အောင်မှ ပေးအပ်ရာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်အောင်တို့မှ လက်ခံရယူခဲ့သည်။

TCLLL5

ထို့နောက် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးဝင်များသည် မီးဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ အားပေး စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် မကာဟိုခမ်း ရပ်ကွက် ရပ်ကျေး ပါတီအဖွဲ့ဝင် ဥိးစိုင်းဆိုက်ကျောက် မိသားစုအတွက်လည်း ခရိုင်/မြို့နယ်ပါတီမှ အလှူ ငွေကျပ်(၁)သိန်းကို မြို့နယ်ပါတီကော်မတီဝင် ဦးစိုင်းလုံ တို့မှ လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပါတီဝင်များသည် လူမှုရေးအဖွဲ့မှဦးစီးဆောင်ရွက်နေသော တာလော့ရပ်ကွက် အလှူခံမဏ္ဍပ်တွင် လိုအပ်သည်များ ပါဝင် ကူညီခြင်း များ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနေ့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် မေတ္တာရှင် လူမှုကူညီရေးအသင်းတို့မှ မီးဘေးသင့် ပြည်သူ များအတွက် လှူဒါန်းငွေမှာ စုစုပေါင်း ကျပ်(၁၅)သိန်း (၃)သောင်းနှင့် ဆန်(၁)အိတ်ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်ပြည်ခိုင်ဖြိုး


Leave a Reply