ပန်းတောင်းမြို့နယ်ကော်မတီဝင်များနှင့် သံတွဲမြို့နယ်ကော်မတီဝင် များ တွေ့ဆုံဆွေးနွေး

 

ပဲခူးတိုင်းဒေသကြီး (အနောက်) ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးလှမင်း ဦးဆောင်သော ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ အင်အား (၂၇) ဦးသည် ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၉) နာရီအချိန်က သံတွဲမြို့နယ်သို့ လေ့လာရေးခရီး ရောက်ရှိစဉ် သံတွဲ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင် အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း မြို့နယ် ဥက္ဏဠ ဦးစန်းနိုင်၊ အတွင်းရေးမှူး ဦးကြည်ရွှေနှင့်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များက ကြိုဆိုပြီး တွေ့ဆုံပွဲ ပြုလုပ်ကာ မိမိတို့ဒေသအကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သံတွဲပြည်ခိုင်ဖြိုးပါတီမှ နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

ပြည်ငြိမ်းအောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ ပြည်ငြိမ်းအောင် ဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်တွင် ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲတွင် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ် ပူဇော်သော သံဃာတော် အရှင်သူမြတ် တို့အား စေတီတော်ပရိဝုဏ်အတွင်း၌ ဆွမ်းဆန် စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ရာ ပေါင်းတည်မြို့နယ် ပြည်ထောင်စြု ကံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။

 

 

(more…)


ပိုက်ကျော်ခြင်းပြိုင်ပွဲဆုရရှိအသင်းများအားပြည်ခိုင်ဖြိုးပါတီမှဆုများချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှကြီးမှူး၍ လူငယ်လှုပ်ရှားမှုအနေ ဖြင့်ဆောင်ရွက်လာခဲ့ပြီး ပိုက်ကျော် ခြင်းပြိုင်ပွဲကိုကျင်းပကာ ယမန်နေ့ မွန်းလွဲ ၁နာရီက ပြိုင်ပွဲတွင် ဆုရရှိ သောအသင်းများအားပါတီရုံးခန်းမ အတွင်းဆုများချီးမြှင့်ခဲ့ရာ ဆုရရှိသူ များအားဗဟိုကော်မတီဝင်ဦးကျော် မြင့်၊ မြို့နယ်ဥက္ကဋ္ဌဦးသန်းဇော်တို့ က ဆုများ အသီးသီးပေးအပ်ခဲ့ ကြောင်းသိရသည်။ ယင်းအခမ်း အနားသို့ အင်အား ၃ဝ ခန့် တက် ရောက်ခဲ့သည်။

မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိအခမဲ့ကုသရေးညှိနှိုင်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမအတွင်း လူငယ်လှုပ်ရှားမှု အသွင်ဖြင့် လှုပ်ရှားဆောင်ရွက် နိုင်ရေး ဒေသခံတို့အား မိုးညိုမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိ အခမဲ့ကုသရေးလုပ်ငန်းအတွက် ညှိနှိုင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်အတွင်းရေးမှူး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်လွင်၊ လူငယ်များနှင့် မြို့နယ်အလုပ်အမှုဆောင်များမှ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည်           ———————-   ဦးဌေးနိုင်
ပါတီ              ———————–    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း —————-  သိပ္ပံဘွဲ့(သင်္ချာ)၊ မဟာသိပ္ပံဘွဲ့ (ကာကွယ်ရေး)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ညောင်လေးပင်မြို့နယ်၊  ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

 

(more…)


ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးလူငယ်ရေးရာများ အဆင့်ဆင့်ဖွဲ့စည်းပုံဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက် )ပြည်ခရိုင် ပေါင်းတည်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၁၄ ရက် နံနက် ၁ဝနာရီက ပဲခူးတိုင်းဒေသကြီး(အနောက်)ခြမ်းရှိ (၁၄)မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးမှ တိုင်းဒသကြီး၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးလူငယ်ရေးရာများ အဆင့်ဆင့် ဖွဲ့စည်းပုံ ဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပသည်။

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနေ့ကိုကြိုဆို တွေ့ဆုံပွဲ နှစ်စဉ်ကြေးပေးအပ်ပွဲနှင့် ထမနဲထိုးပွဲကျင်းပ

 

နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုထောက်ခံသောအားဖြင့် ကြို့ပင်ကောက်မြိုပနယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ဖေဖော်ဝါရီ (၉) ရက် နံနက် ၉ နာရီခန့်က ထမနဲထိုးပွဲ၊ တွေ့ဆုံပွဲ နှင့် လစဉ်ကြေး ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုးက ပါတီဝင်များအား ယနေ့ကျင်းပသည့် အခမ်းအနားနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးပြီး ဗဟိုကော်မတီဝင် တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းက ပြည်ခိုင်ဖြိုးပါတီနှင့်ပ တ်သက်သည်များကို ရှင်းလင်းဆွေးနွေးသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့်အဖွဲ့ ညောင်လေးပင်နှင့်ကျောက်တံခါးမြို့နယ်မှပြည်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ ဗဟို အတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်း၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစော မော်ထွန်းနှင့် အမှတ်(၄)မဲဆန္ဒနယ် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးနိုင် ဦးဆောင်သောပါတီမှတာဝန်ရှိ ပုဂ္ဂိုလ်များသည် ဖေဖော်ဝါရီ (၆) ရက် နံနက် ၉နာရီခွဲက ညောင်လေးပင်မြို့နယ်ပါတီရုံးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ကျေး ပါတီဝင်များ၊ ရေးရာကော်မတီခွဲများ၊ ပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရ သည်။

ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသောပဲခူးခရိုင် ထမနဲထိုးပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ယမန်နေ့နံနက် ၁၁ နာရီက ညောင်လေးပင်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်း၌ ပဲခူးခရိုင် ရှစ်မြို့နယ် ဒုတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးအောင်မင်း၊ လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း)များ၊ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီအဆင့်ဆင့်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီးအစီအစဉ်အရ ပြိုင်ပွဲဝင်မြို့နယ် များအား ထမနဲထိုးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ဖတ်ကြားရှင်းလင်းပြောကြားခဲ့ပြီးနောက် သတ်မှတ်နေရာ အသီး သီးတွင် မြို့နယ်ခွဲများအလိုက် ပြိုင်ပွဲဝင်အသင်းများက နေရာယူဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဖဒိုမြို့ ကရင်နှစ်ကူးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပေးပို့သော သဝဏ်လွှာဖတ်ကြား

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ဖဒိုမြို့တွင် ယမန်နေ့ နံနက် ၆ နာရီက (၅၃)ကြိမ်မြောက် ကရင်နှစ်သစ် ကူးပွဲတော်အား ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိ ရသည်။