တက္ကသိုလ်ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

တက္ကသိုလ်ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ သိရသည်။ (more…)


ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း အသုံးအနှုန်းကို လက်မခံကြောင်း သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တို့ထံ အိတ်ဖွင့်ပေးစာပို့

ရခိုင်ပြည်နယ်ရှိ မြို့ကြီးအများစုတွင် ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းဆိုသည့် အသုံးအနှုန်းကို ကန့် ကွက်သည့်အနေဖြင့် ဇူလိုင်လ (၃) ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါအသုံးအနှုန်းကို လက်မခံကြောင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ ထားကြောင်း သိရသည်။ (more…)


ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) သြဂုတ် ၂၃ ရက်မှ ၂၇ ရက်ကြားကျင်းပနိုင်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကို ယခုနှစ် သြဂုတ် (၂၃) ရက်မှ (၂၇) ရက်ကြား ကျင်းပနိုင်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်သားအဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခန့်မှန်းပြောကြားသည်။

အဆိုပါညီလာခံကို ယခုနှစ် သြဂုတ်လမတိုင်မီကျင်းပနိုင်ရေး ကြိုးစားမည်ဟု ဇွန် (၂၈) ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် PPST အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံစဉ် ဆွေးနွေးသဘောတူထားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များ ပါဝင်လာနိုင် ရေးအတွက် စဉ်းစားဆောင်ရွက်ရန် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့တွင် တာဝန်ရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက လည်း ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ (more…)


ရခိုင်ပြည်နယ်မြို့နယ်အများအပြားတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဒေသခံများအား အရေးပေါ်နေရာပြောင်းရွှေ့ပေး

13600004_1200709896626820_5661073049181550904_n

ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြားတွင် ရေကြီးနစ်မြုပ် မှုရင်ဆိုင်နေရပြီး ဒေသခံများအား ရေဘေးလွတ်ရာသို့ အရေးပေါ် နေရာပြောင်းရွှေ့ပေးနေရကြောင်း ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိသည်။ ရခိုင်ပြည်နယ် တွင် ဇူလိုင် ၃ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဘူးသီးတောင်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များ၌ ဇူလိုင် ၅ ရက်နေ့လယ်မှ စတင်၍ ရေကြီးနစ် မြုပ်မှုများရင်ဆိုင် နေရကြောင်း သတင်းရရှိ သည်။

မဘသအဖွဲ့ မရှိသင့်ဟု ပြောကြားချက်ကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်မည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဇူလိုင် (၃) ရက်တွင် စင်္ကာပူနိုင်ငံ၌ ပြုလုပ်သော စင်္ကာပူ နိုင်ငံရောက် မြန်မာများနှင့်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ ဘာသာရေးအဖွဲ့အစည်းများတွင် မဘသ (အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့) အနေဖြင့် မရှိသင့်ကြောင်းပြောကြားခဲ့မှုအပေါ် မဘသ (ဗဟို) အနေဖြင့် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်မည်ဟု မဘသ(ဗဟို)မှ ပြောရေးဆိုခွင့် ရှိသူ ဆရာတော်ဒေါက်တာတေဇနိယက မိန့်သည်။ (more…)


တအာင်း၊ AA ကိုးကန့်အဖွဲ့များနှင့် ပတ်သက်သည့် မူဝါဒကို အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ‘၀’ ခေါင်းဆောင်များ ဆွေးနွေးမည်

တအာင်း၊ AA၊ ကိုးကန့်အဖွဲ့များနှင့်ပတ်သက်သည့် မူဝါဒကို အစိုးရကိုယ်စား လှယ်အဖွဲ့ ‘၀’ ခေါင်းဆောင်များနှင့် မကြာမီသွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု သတင်းရရှိသည်။ (more…)


လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင် ပေးရန် တိုက်တွန်း

လီဆူအမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင် ပေးရန်တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်ခုကို လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Le Su

(more…)


ကချင်တစ်ပါတီတည်းဖြစ်ရေး ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီ တစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း KDP ပါတီဥက္ကဋ္ဌ ပြောကြား

ကချင်နိုင်ငံရေးပါတီ တစ်ပါတီတည်းဖြစ်ရေး ၂၀၁၇ ခုနှစ်တွင်ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဇူလိုင် (၁) ရက်တွင် ပြောကြားသည်။

KDP

(more…)


ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာ ထွန်းလွင် သတိပေး

တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်းနိုင်သည့်အလားအလာများ မြင့်မားနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ (more…)


ပခုက္ကူခရိုင်ပါတီ မျက်နှာစုံညီ အကြိုတွေ့ဆုံပွဲကျင်းပ

13615511_402461066595693_4697114462941594803_n

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအကြိုတွေ့ဆုံပွဲကို ယနေ့ (ဇူလိုင်လ ၅ ရက်) နံနက် (၁၀) နာရီအချိန်က ပခုက္ကူခရိုင်ပါတီရုံးခန်းမ၌ ကျင်းပရာ ခရိုင်ပါတီနာယက ဦးသိန်းထွန်းမှ ပါတီမျက်နှာစုံညီကျင်းပမည့်ပွဲအတွက် လုပ်ငန်းစဉ်များ ခြပြပြီး တက်ရောက်လာကြသည့် မြို့နယ်(၅)မြို့နယ်မှ ခရိုင်ပါတီ ကော်မတီဝင်များနင့် မြို့နယ်ပါတီ အတွင်းရေးမှူးများမှ မိမိမြို့နယ်အလိုက် ပါတီဆောင်ရွက်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကာ ခရိုင်မျက်နှာစုံညီ အကြိုအခမ်းအနားကို နံနက် (၁၁) နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။