ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ရပ်စောက်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မြို့နယ်ကော်မတီဝင်များ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် ဆွေ့ဆုံပွဲအခမ်းအနားကို ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပါသည်။
အထက်​မြန်​မာပြည်​ တိုင်း​ဒေသကြီးပြည်​နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များနဲ့​ တွေ့ဆုံပွဲကျင်းပ
၁၆.၁၀.၂၀၁၇ ရက်နေ့ တနလာင်္နေ့ နေ့လည်ပို်င်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အထက်မြန်မာပြည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။
Du WonKyal
ပြည်​​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူးနှင့်​အဖွဲ့များ သင်​တန်းဖွင့်​ပွဲအခမ်းအနားတက်​​ရောက်
၁၅.၉.၂၀၁၇ ရက်​​နေ့ ​သောကြာ​နေ့တွင်​ ရှမ်းပြည်​နယ်​(​တောင်​ပိုင်း) ​တောင်​ကြီိးခရိုင်​ နှင့်​ ပင်​​လောင်းမြို့နယ်​တို့ ပူး​ပေါင်းကာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံြ့​ဖိုး​ရေးပါတီမှ အမျိုးသမီး​ရေးရာ  လှုပ်​ရှားမှုကဏ္ဍတစ်​ရပ်​​အ​နေဖြင့်​ “အခမဲ့စက်​ချုပ်​သင်​တန်း” ၊ “ပန်း၊သစ်​သီး အလှ​ဖော်​သင်​တန်း”၊”မြန်​မာ့ရိုးရာမုန့်​လုပ်​နည်း”၊ “ထမင်း၊ဟင်းချက်​ပြုတ်​နည်းအမျိုးမျိုး” သင်​တန်းအား ​​နေ့လည်​ ၁၂ နာရီတွင်​ဖွင့်​လှစ်​​ပေးခဲ့ပါသည်​။
ပင်းတယမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန်​အစည်းအ​ဝေးကျင်းပ
ဓနုကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ပင်းတယမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို မြို့နယ်​ပါတီရုံးခန်းမ၌ ၂၈.၈၂၀၁၇ရက်နေ့ နံနက်​ ၁၀း၀၀နာရီအချိန်​တွင်​ ကျင်းပရာ ​ရှမ်းပြည်​နယ်​ အရန် ပါတီ​ကော်​မတီ၊ ​တောင်​ကြီးခရိုင်​ ပါတီ​ကော်​မတီ နယ်​​မြေတာဝန်​ခံမှ တက်​​ရောက်​ အမှာစကား​ပြောကြားခြင်း၊ မြို့နယ်​ပါတီ ဥက္ကဌမှ ​ရှေ့လုပ်​ငန်းစဉ်​များ​ ဆွေး​နွေးခြင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေသဦးစီးအဖွဲ့ဝင်​ ဦး​ကျော်​ငြိမ်း၊ ဦးထွန်း​မောင်​တို့မှ ​ဆွေး​နွေးခြင်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များမှ စည်းရုံး​ရေးရာကိစ္စများ တင်​ပြခြင်း၊ ရပ်​စည်းများမှ ပါတီဝင်​ ရရှိထားမှု၊ အမာခံများ လုပ်​ရှား​ဆောင်​ရွက်​စည်းရုံး​နေမှုများကို တင်​ပြ​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရှိခဲ့ရပါသည်​။
တောင်​ကြီးခရိုင်​ ပြည်ခိုင်ဖြိုးပါတီ ပုံမှန်​အစည်း​အဝေးကျင်းပ
ရှမ်းပြည်​နယ်​​တောင်​ပိုင်း ​တောင်​ကြီးခရိုင်​ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်း​အဝေးကို ၂၅.၈.၂၀၁၇ ရက်နေ့ ၁၀း၀၀နာရီ အချိန်​တွင်​ ပြည်​နယ်​ခန်းမ၌ ကျင်းပရာ ပြည်​နယ်​ အတွင်း​ရေးမှူး၊ ပြည်​နယ်​စည်းရုံး​ရေးတာဝန်​ခံ၊​ တောင်​ကြီးခရိုင်​ဥက္ကဌနှင့်​ ခရိုင်​ပါတီ​ကော်​မတီ ဝင်​များ၊ ခရိုင်​တွင်းရှိ မြို့နယ်​ ၁၀ မြို့နယ်​မှ ဥက္ကဌနှင့်​ အတွင်း​ရေးမှူးများ၊ မြို့နယ်​စည်းရုံး​ရေး တာဝန်​ခံများ တက်​​ရောက်​ကြပြီး အစည်းအ​ဝေးကို ည​နေ ၃း၃၀နာရီအချိန်​တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းမီဒီယာသင်တန်းဆင်းပွဲကျင်းပ
၂၃.၈.၂၀၁၇ရက်နေ့ ရှမ်းပြည်​နယ်​​တောင်​ပိုင်း ပြည်​​ထောင်​စုကြံ့ခိုင်​​ရေး နှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး၍ကျင်းပ​သော သတင်းမီဒီယာသင်​တန်းဆင်းပွဲ အခမ်းအနားကို ယ​မန်နေ့ည​နေ၂း၃၀နာရီအချိန်​တွင်​ ပြည်​နယ်​ခန်းမ၌ ကျင်းပရာ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိန်​​လေး​မောင်​မှ သင်​တန်းဆင်း အမှာစကား​ပြောကြားပြီး သင်​တန်းဆင်းလက်​မှတ်​များကို ပြည်​နယ်​ပါတီ​ကော်​မတီဝင်​     ဦးမိုးစည်​သူမှ​ ပေးအပ်​ပြီး သင်​တန်းသားတစ်​ဦးမှ လက်​ခံရ ယူသည်​။
သင်​တန်းသို့ ရှမ်း​တောင်​၂၁ မြို့နယ်​မှ သင်​တန်းသား/သင်တန်းသူ ၄၂ ဦး တက်​​ရောက်​​ကြောင်း သိရှိရပါသည်​။
က​လောမြို့နယ်​ လစ်​လပ်​​ကော်​မတီ​ရွေးချယ်​ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အစည်းအဝေးခန်းမတွင် မေလ (၉) ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါတီဗဟိုကော်မတီ အစည်း အဝေးမှ ချမှတ်လိုက်သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်း လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ (ရှမ်းအရှေ့) ကျိုင်းတုံသို့ ရောက်ရှိ
၁၃ – ၃- ၂၀၁၇ ရက်နေ့၊ နေ့လည်( ၁၂ : ၅၀ )အချိန်တွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစစ်ဝ်အာင်မြတ်၊ ဗဟိုကော်မတီဝင်ဒေါက်တာ နန္ဒာလှမြင့်တို့နှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ကြ ပါသည်။
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ရှေ့ဟောင်းသမိုင်းဝင်ဘုရား ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲသို့ တက်ရောက်
ရှေးဟောင်းသမိုင်းဝင် မွေ​တော်​ကက္ကူဘုရား ဆုတောင်းပြည့် အာသောက
စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့်
ဗုဒ္ဓပူဇနိယပွဲတော်သို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦီးသိန်းစိန်
တက်ရောက်ကာ ၎င်းဝတ်ဆင်ထားတဲ့ လက်စွပ်တစ်ကွင်းအား ဘုရားစိန်ဖူးတော်မှာရစ်ချည်ပြီး ကုသိုလ်ဖြစ်ကပ်လှူ လှူခဲ့ကြောင်း သိရသည်။