ခရမ်းကစော့သီး က ရနိုင်တဲ့ အကျိုးအာနိသင်

ခရမ်းကစော့သီးကို အင်္ဂလိပ်လို Turkey Berry (တာခ်ကီ ဘယ်ရီ)လို့ခေါ်ပြီး သူ့ရဲ့ ရုက္ခ‌ဗေဒအမည်ကတော့ Solanum torvum (ဆိုလိမ်နမ် တိုဗမ်)လို့ခေါ်ပါတယ်။ မြန်မာလူမျိုး အများစုကတော့ ခရမ်းကစော့သီးကို ဟင်းချက်ခြင်း၊ထောင်း၍စားခြင်း၊တို့စရာအဖြစ်စားခြင်းစသဖြင့် အမျိုးမျိုး စားသုံးလေ့ရှိပါတယ်။
ခရမ်းကစော့သီးစားသုံးခြင်းက ရနိုင်တဲ့ အကျိုးအာနိသင်တွေကတော့ အအေးမိတုပ်ကွေးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း၊ ပန်းနာရင်ကျပ်ရောဂါများကြောင့် ချွဲ၊ သလိပ်များထွက်ခြင်း၊ အဆုတ်ရောင်ခြင်းများ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါ ၊နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါများကို ကာကွယ်ပေးတဲ့အပြင် ဂေါက်ရောဂါရှိသူများအတွက်လည်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါ့ပြင် ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးခြင်း၊ အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊ သန်ကျစေခြင်း နဲ့ အမြင်အာရုံကိုလည်း ကောင်းစေပါတယ်။ #sdtimedaily

ဝင်ငွေတိုးဖို့ရာ ခရမ်းချဉ်သီးပင် စိုက်ပျိုးပါ

ခရမ်းချဉ်ပင်ရဲ့ မူရင်းဒေသကတော့ တောင်အမေရိကတိုက် အနောက်မြောက်ခြမ်းနဲ့ အမေရိကတိုက် အလယ်ပိုင်းတို့ပဲ ဖြစ်ပါတယ်။

 

(more…)


ဈေးဘက်တွင်မက ဆေးဘက်လည်းဝင် နံနံပင်ကို စိုက်ပျိုးကြ

စိုက်ပျိုးပျော်ရွှင် သိစေချင်အစီအစဉ်ကနေ ဒီနေ့မှာတော့ နံနံပင် စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးမှာဖြစ် ပါတယ်။ နံနံပင်ကတော့ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲတို့နဲ့ ဆိုရင်တော့ အလွန်လိုက်ဖက်တဲ့ အပင်လည်းဖြစ်ပါတယ်။ အခြားသော ဟင်းလျာများ ချက်ပြုတ်ရာမှာလည်း နံနံပင်ကို အုပ်ပြီးတော့ ချက်စားနိုင်သလို အတို့အမြှုပ် အဖြစ်လည်း စားသုံးနိုင်ပါတယ်။

(more…)


အောင်မြင်မှုများအတွက် အောင်သပြေ ဘယ်လိုစိုက်ကြမလဲ

သပြေပန်းကို မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမှုရေး စတဲ့အလှူမင်္ဂလာကိစ္စတွေမှာ မပါမဖြစ် အသုံးပြုလေ့ရှိသလို အောင်အတိတ် အောင်နိမိတ်အဖြစ်လည်း တန်ဖိုးထား အလေးအနက်ပြုပြီး အသုံးပြုကြတဲ့အတွက် သပြေပန်းဟာ ပန်းဈေးကွက်မှာ နေရာတစ်နေရာ ရှိလာပါတယ်။ ယခင်က သပြေပန်းကို သဘာဝအလျောက် ပေါက်ရောက်နေတဲ့ အပင်တွေက ခူးယူခဲ့ကြပေမယ့် အခုအခါမှာတော့ စံနစ်တကျ စိုက်ပျိုးထုတ်လုပ်လာကြပါတယ်။ အခုနောက်ပိုင်း မှာတော့ အာဆီယံသပြေလို့ခေါ်တဲ့ သပြေပန်းတမျိုးက ဈေးကွက်ထဲမှာ နေရာဝင်ယူလာတာကို တွေ့ရပါတယ်။

thapay

(more…)


တင်း(၁၀၀) အထွက်အာမခံသည့် ဆင်းပဒေသာ (၇) မြေပဲ

မြေပဲလောက စင်ပေါ်သို့ ရောက်လာပြီး ပွဲဦးထွက်ပင် နာမည်ကြီးခဲ့သောမျိုးမှာ ဆင်းပဒေသာ(၇)ပင် ဖြစ်သည်။ ဆင်းပဒေသ(၇)မြေပဲမျိုးသည် အမိနိုင်ငံမှာ အိန္ဒိယနိုင်ငံ (ICRISAT)ဖြစ်သည်။ ၁၉၉၄-၉၅ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်အခြေချလာခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးသုတေသနဌာန ရေဆင်းမှ မျိုးလိုင်း (၂၁) လိုင်းမှ ရွေးချယ်ခဲ့သော သက်လျင်မျိုးဖြစ်သည်။ ရေကောင်း မြေကြောင်းကြိုက်ပြီး အထွက်နူန်းရာကျော်အောင် သီးခဲ့ သဖြင့် တောင်သူများနှစ်ခြိုက်ကြသည်။ ဆီထွက်သီးနှံ ဖွံ့ဖြိုးရေးစီမံကိန်းမှ စံပြကွက်များစိုက်ပျိုးခဲ့ပြီး စံကွက် ရိတ်သိမ်းခဲ့ရာ အနိမ့်ဆုံးတင်းဧက (၅၀ – ၇၀) တင်းဖြင့် အမြင့်ဆုံး (၈၀ -၁၂၀) တင်းအထိ ထွက်ရှိခဲ့သည်။ ပျဉ်းမနားခရိုင်၊ လယ်ဝေးမြို့ တွင် စိုက်ပျိုးရာ တစ်ဧကတင်း ၁၁၀ ထွက်ရှိခဲ့သည်။

ground-nut2

(more…)


မာလကာသီး စိုက်ပျိုးထုတ်လုပ်ခြင်း လေ့လာကြရအောင်

မာလကာသီးကို လူတန်းစားမရွေး နှစ်သက်စွာ စားသုံးလေ့ရှိပါတယ်။ မာလကာသီးမှာ အူနီမျိုးနဲ့ အူဖြူမျိုးဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ မိုးရေချိန် လက်မ ၄၀ မှ မိုးရေချိန် လက်မ ၆၀ အတွင်းရရှိတဲ့ အရပ်ဒေသတွေမှာဆိုရင်တော့ မာလကာပင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းပါတယ်။

images

(more…)


ပန်းထိမ်ငိုပင်စိုက်ပျိုးနည်း

ပန်းထိန်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ယခုအခု အပူပိုင်းဒေသများ တွင်လည်းစတင်စိုက်ပျိုးလာကြပါသည်။ အပူများလွန်းသော အချို့ဒေသများတွင် အရိပ်ကျဲ ၅၀% ရအောင် ဗူးစင်များတင်ပေးခြင်း ပျိုးစင်ဇကာစိမ်းအုပ်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ ပန်းထိမ်ငို သည် ရေကြိုက်ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။ မြေချဉ်ငံကိန်း pH 5-6 ကြားတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ မြေနီသဲဝန်း သဲနုန်းနှင့် နုန်းမြေများတွင်စိုက်ပျိုးကြပါသည်။ ပန်းထိန်ငိုမျိုးတွင် တစ်ထပ်ပန်းထိန် နှစ်ထပ်ပန်းထိန် သုံးထပ်ခေါ် ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။ မျိုးယူရာတွင်လည်း အပင်ကို cutting ထိုးခြင်း ကိုင်းထိုးခြင်းနှင့် အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥမှစိုက်ခြင်း ဆိုပြီး ၂နည်း ရှိပါသည်။

13754633_1751485581788333_1185709648648252736_n

(more…)


ငှက်ပျောပင်ကို သားတက်ခွဲခြင်း

အမြစ်စုံပြန်ပျိုးခြင်းနည်းများဖြင့် ပုံမှန်အားဖြင့် မျိုးယူစိုက်ပျိုးပါတယ်။ ယနေ့မှာတော့ နိုင်ငံတော်တော် များများမှာ တစ်ရှူးနည်းပညာဖြင့် မျိုးယူသကဲ့သို့ ‎အမြစ်ဆုံကို ပိုင်းဖြတ်ပြီးတော့လည်း မျိုးယူလျှက် ရှိနေပါတယ်။

Banana2

(more…)


နှင်းဆီအကြောင်းနှင့် နှင်းဆီစိုက်ပျိုးနည်း နှင်းဆီအမျိုးအစားစုစည်းမှု

နှင်းဆီဆိုတဲ့စကားဟာ အမျိုးသမီးဘက်ကို အားသန်တဲ့အမျိုးအစားမို့ အမျိုးသမီးများရဲ့အသဲစွဲ ပန်းအမျိုးအစားဖြစ်ပါတယ်။ ရာထောင်မကသော အမျိုးအစားတွေ ရှိနေပေမယ့်လို့ သူ့ရဲ့ ရနံ့လေးကတော့ တစ်မျိုးပဲရှိပါတယ်။ နှင်းဆီရနံ့ပေါ့လေ။ ရနံ့ကတော့ ရေပန်းသိပ်မစားပေမယ့် သူ့ရဲ့ပင်ကို ပွင့်ဖတ်၊ ပွင့်လွှာကတော့ သူတကာတို့ရဲ့အသဲစွဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အလှဆင်တဲ့နေရာမှာ နှင်းဆီ ပန်းကတော့ မပါမဖြစ် ထိပ်ဆုံးမှာ နေရာရထားပါတယ်။ သူ့ရဲ့ပင်ကိုယ်အလှကြောင့်မို့လို့ အမျိုးအစား အလိုက် ဈေးအမျိုးမျိုးတင်ကစားပြီး ဈေးကွက်စီးပွားရေးမှာ ရောင်းချရပါတယ်။ အပင်ရယ် အပွင့်ရယ် ရေရှည်ခံတဲ့ အမျိုးအစားမဟုတ်ပေမယ့် သူ့ရဲ့စွဲဆောင်မှုရှိလှတဲ့ သူ့ရဲ့ပွင့်လွှာတည်ဆောက်ပုံကြောင့် အများစုက သူ့ကိုကြိုက်ကြသလိုမျိုး နေရာတိုင်း အိမ်တိုင်းလိုလို ပန်းခြံတိုင်းလိုလိုမှာ အလှအဖြစ် စိုက်ထားကြတာများပါတယ်။ အများစုကတော့ အလှအဖြစ် အတွက် ဆိုရင်တော့ အိုးနဲ့ပဲ စိုက်ကြတာများပါတယ်။ ကိုင်းအရင့်ကိုကူးပြီး စိုက်ရတာလည်းလွယ်ပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ဂရုစိုက်ပေးရမယ့် အမျိုးအစားပါ။ မြေပုပ်မြေဆွေး နွားချေး စာသည်ရောထားသည့် မြေပုပ်မြေဆွေးကို ကြိုက်နှစ်သက်သလိုမျိုး ပုံမှန်လည်းရေလောင်းပေးရ မကြာခဏဆိုသလို မြေကိုလည်းဆွပေးရပါတယ်။

images(5)

(more…)