အောင်မြင်မှုများအတွက် အောင်သပြေ ဘယ်လိုစိုက်ကြမလဲ

သပြေပန်းကို မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမှုရေး စတဲ့အလှူမင်္ဂလာကိစ္စတွေမှာ မပါမဖြစ် အသုံးပြုလေ့ရှိသလို အောင်အတိတ် အောင်နိမိတ်အဖြစ်လည်း တန်ဖိုးထား အလေးအနက်ပြုပြီး အသုံးပြုကြတဲ့အတွက် သပြေပန်းဟာ ပန်းဈေးကွက်မှာ နေရာတစ်နေရာ ရှိလာပါတယ်။ ယခင်က သပြေပန်းကို သဘာဝအလျောက် ပေါက်ရောက်နေတဲ့ အပင်တွေက ခူးယူခဲ့ကြပေမယ့် အခုအခါမှာတော့ စံနစ်တကျ စိုက်ပျိုးထုတ်လုပ်လာကြပါတယ်။ အခုနောက်ပိုင်း မှာတော့ အာဆီယံသပြေလို့ခေါ်တဲ့ သပြေပန်းတမျိုးက ဈေးကွက်ထဲမှာ နေရာဝင်ယူလာတာကို တွေ့ရပါတယ်။

thapay

သပြေပန်းပင်တွေကို တစ်ပေထက်မြင့်တဲ့ ပေါင်တွေပြုလုပ်ပြီး တစ်ပင်နဲ့တစ်ပင် သုံးပေခန့်ခွာပြီး စိုက်ပျိုးရပါမယ်။ သပြေပန်းက ကိုင်းကူး ပျိုးထုတ်တွေကို စိုက်ပျိုးခြင်းဖြစ်ပြီးတော့ အပင်ငယ်စဉ်အချိန်မှာ ရေကိုမှန်မှန်လောင်း ပေးပြီး တစ်လကိုတစ်ကြိမ်ခန့် မြေသြစာကျွေးပေးရမှာပါ။ မိုးရာသီမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပိုမိုဖြစ်ထွန်းနိုင် ပါတယ်။

သပြေပန်းက မာကလာလိုတော့ ကိုယ့်ဟာကို ကိုင်းစည်းပြီးစိုက်၍ မရ၊  ပင်ခံနှင့် စိုက်ရတာဖြစ်သည့်အတွက် ပြင်ဦးလွင်၊ မန္တလေးဘက်သို့မှာ၍ ပျိုးထုတ်ယူပြီးမှ စိုက်ရတယ်။ ပျိုးထုတ်မနာအောင် ငါးရက်တန်သည် တစ်ပါတ် တန်သည် ထားရပါတယ်။ ပေါင်ဘာညာကိုင်တယ်။ ပေါင်ကို သုံးတောင်ထွာ၊ စိုက်တော့ တစ်ပင်နဲ့တစ်ပင် နှစ်တောင်ကွာလောက် စိုက်ရပါတယ်။

စိုက်ပြီးတဲ့အချိန် ရေပဲလောင်းရပါတယ်။ ရက်နှစ်ဆယ် အစိတ်လောက်ရှိမှ အစာနည်းနည်းထည့်ပေးရတယ်၊ နှစ်ပင်အကွာခြားမှာ အစာနုရယ် အစာကြမ်းရယ်ထည့်ရပါတယ်။ တစ်နှစ်လောက်ရှိရင် စပြီးညှပ်ရပါတယ်။ ဘုရားအိုးထိုးရုံလောက်ဆိုရင်တော့ ခြောက်လ ရှစ်လလောက်ဆိုရင် ညှပ်လို့ရပါတယ်။ ငါးရက်ခြား တစ်ပါတ်ခြား ဆေးဖြန်းပေးရတယ်၊ ရွှေသပြေက အာဆီယံသပြေနဲ့စာရင် ဆေးပို ကြိုက်တဲ့အတွက် ငါးရက်ခြား တပါတ်ခြား ဆေးမဖြန်းရင် ရွက်လိပ်ပိုးဝင်တယ်။ အရွက်သေးသေးလေးတွေကို ပိုးက ကိုက်စားပစ်လိုက်တော့ ရောင်းတန်း မ၀င်တော့ဘူး။ အညွန့်မလှတော့ဘူး။ ဒါကြောင့် မှိုဆေးရယ်၊ ပိုးဆေး (ဖါးဆေး) အရွက်ပြန့်ဆေး။ သုံးမျိုးရောစပ်ပြီး ဖြန်းပေးရတယ်။ တစ်လတစ်ခါလောက်တော့ ဘောထိုးရိုက်ပေးရတယ်။ ထုံးနဲ့ ဒုထ္ထာနဲ့ အပင်အောက်ခြေမှာ ပင်စည်ကို မှိုမကပ်အောင်လုပ်ပေးရတယ်။ အဲလိုမလုပ်ပေးရင် ကိုင်းခြောက်လာမယ်။

ရွှေသပြေက ပြုစုတဲ့အပေါ်မှာလည်းမူ တည်တယ်၊ မှိုဆေးတို့ ဘာတို့ အသုံးနည်းတဲ့အခင်းဆိုရင် မြန်မြန် ပျက်စီး လွယ်တယ်၊ နှစ်နှစ်သုံးနှစ်ပဲ ခံတယ်။  ပြုစုကောင်းတဲ့အခင်းဆိုရင်တော့ ခုနှစ်နှစ် ရှစ်နှစ်အထိခံတယ်။ # Mizzima


Leave a Reply