ပါလက္စတိုင္းဘက္မွ ေထာက္ခံသည့္ အေနျဖင့္ ေမာ္ဒိုက္နိုင္ငံက အစၥေရး နိုင္ငံသားမ်ားအား ျပည္ဝင္ခြင့္ပိတ္မည္

ေမာ္ဒိုက္နိုင္ငံက ပါလက္စတိုင္းႏွင့္ တစ္သားတည္းရွိေၾကာင္း ေထာက္ခံျပသသည့္အေနျဖင့္ အစၥေရးနိုင္ငံသားမ်ားအား နိုင္ငံသို႔ လာေရာက္လည္ပတ္ခြင့္ တားျမစ္ပိတ္ပင္သြားမည္ျဖစ္ေၾကာင္း ေမာ္ဒိုက္သမၼတ႐ုံးက ဇြန္ ၂ ရက္တြင္ ထုတ္ျပန္ေၾကညာလိုက္သည္။

သမၼတ႐ုံးေျပာခြင့္ရပုဂၢိဳလ္၏ ေၾကညာခ်က္တြင္ သမၼတမိုဟာမက္မူဝီဇူက အစၥေရးနိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္သူမ်ားကို နိုင္ငံဝင္ေရာက္ခြင့္မျပဳေတာ့ေၾကာင္း ဆုံးျဖတ္လိုက္သည္ဟု ေဖာ္ျပခဲ့ၿပီး ထိုတားျမစ္ ခ်က္ မည္သည့္အခ်ိန္ စတင္အသက္ဝင္မည္ကိုမူ အေသးစိတ္မေၾကညာခဲ့ေပ။

ထို႔ျပင္ သမၼတက တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ရန္ပုံေငြရွာမည့္ ကမ္ပိန္းတစ္ရပ္ျပဳလုပ္ရန္လည္း ဆုံးျဖတ္ ထားသည္ဟု ေဖာ္ျပခဲ့သည္။

တရားဝင္စာရင္းမ်ားအရ ေမာ္ဒိုက္နိုင္ငံသို႔ သြားလည္သည့္ အစၥေရးတိုးရစ္ အေရအတြက္သည္ ယခုႏွစ္ ပထမေလးလအတြင္း ၅၂၈ ဦးအထိ က်ဆင္းသြားကာ မႏွစ္က ကာလအပိုင္း အျခားႏွင့္ယွဥ္လၽွင္ ၈၈ ရာခိုင္ႏႈန္း က်သြားခဲ့သည္။

ေမာ္ဒိုက္ေၾကညာခ်က္ထြက္လာအၿပီး အစၥေရးနိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အစၥေရးနိုင္ငံသားမ်ား ေမာ္ဒိုက္သို႔ မသြားၾကရန္၊ ေရာက္ႏွင့္ၿပီးသားသူမ်ားကလည္း ျပန္ထြက္ခြာရန္ မဟုတ္ပါက အကူအညီ ေပးရန္ခက္လိမ့္မည္ဟု သတိေပးခ်က္ ထုတ္ျပန္ထားသည္။

Ref:TRT World

==========

ပါလက်စတိုင်းဘက်မှ ထောက်ခံသည့် အနေဖြင့် မော်ဒိုက်နိုင်ငံက အစ္စရေး နိုင်ငံသားများအား ပြည်ဝင်ခွင့်ပိတ်မည်

မော်ဒိုက်နိုင်ငံက ပါလက်စတိုင်းနှင့် တစ်သားတည်းရှိကြောင်း ထောက်ခံပြသသည့်အနေဖြင့် အစ္စရေးနိုင်ငံသားများအား နိုင်ငံသို့ လာရောက်လည်ပတ်ခွင့် တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း မော်ဒိုက်သမ္မတရုံးက ဇွန် ၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်၏ ကြေညာချက်တွင် သမ္မတမိုဟာမက်မူဝီဇူက အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံဝင်ရောက်ခွင့်မပြုတော့ကြောင်း ဆုံးဖြတ်လိုက်သည်ဟု ဖော်ပြခဲ့ပြီး ထိုတားမြစ် ချက် မည်သည့်အချိန် စတင်အသက်ဝင်မည်ကိုမူ အသေးစိတ်မကြေညာခဲ့ပေ။

ထို့ပြင် သမ္မတက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ပုံငွေရှာမည့် ကမ်ပိန်းတစ်ရပ်ပြုလုပ်ရန်လည်း ဆုံးဖြတ် ထားသည်ဟု ဖော်ပြခဲ့သည်။

တရားဝင်စာရင်းများအရ မော်ဒိုက်နိုင်ငံသို့ သွားလည်သည့် အစ္စရေးတိုးရစ် အရေအတွက်သည် ယခုနှစ် ပထမလေးလအတွင်း ၅၂၈ ဦးအထိ ကျဆင်းသွားကာ မနှစ်က ကာလအပိုင်း အခြားနှင့်ယှဉ်လျှင် ၈၈ ရာခိုင်နှုန်း ကျသွားခဲ့သည်။

မော်ဒိုက်ကြေညာချက်ထွက်လာအပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးနိုင်ငံသားများ မော်ဒိုက်သို့ မသွားကြရန်၊ ရောက်နှင့်ပြီးသားသူများကလည်း ပြန်ထွက်ခွာရန် မဟုတ်ပါက အကူအညီ ပေးရန်ခက်လိမ့်မည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။

Ref:TRT World