အိႏၵိယတြင္ အပူလွိုင္းေၾကာင့္ ၃ ရက္အတြင္း ၅၀ ေက်ာ္ေသဆုံး

ဇြန္ ၃

အိႏၵိယနိုင္ငံတြင္ အပူလွိုင္းဝင္ေရာက္မႈေၾကာင့္ ၃ ရက္အတြင္း ျပည္သူ ၅၀ ေက်ာ္ေသဆုံးခဲ့ေၾကာင္းသိရသည္။

အိႏၵိယနိုင္ငံ ေျမာက္ပိုင္း ဥတၱာပရာေဒ့ရွ္ျပည္နယ္တြင္လည္း ၿပီးခဲ့သည့္ သီတင္းအပတ္ကုန္က အပူလွိုင္းေၾကာင္း လူေပါင္း ၃၃ ဦးအထိေသဆုံးခဲ့ၿပီး ဩဋိသာျပည္နယ္တြင္လည္း ၂၀ ဦးခန႔္ ေသဆုံးခဲ့သည္။

အိႏၵိယသည္ လာမည့္ ဇြန္လ ၄ ရက္ေန႔တြင္ အေထြေထြေရြးေကာက္ပြဲရလဒ္မ်ားကို ေၾကညာရန္ စီစဥ္ထားၿပီး ယခုေသဆုံးမႈမ်ားတြင္ ဥတၱာပရာေဒ့ရွ္ျပည္နယ္မွ မဲ႐ုံဝန္ထမ္းမ်ား ပါဝင္ေၾကာင္းေဖာ္ျပထားသည္။

ေရြးေကာက္ပြဲက်င္းပစဥ္ ေသဆုံးသြားခဲ့သူမ်ားအတြက္ ျပည္နယ္ေရြးေကာက္ပြဲဆိုင္ရာ အရာရွိခ်ဳပ္မွ ေလ်ာ္ေၾကးေငြမ်ား မိသားစုထံေပးအပ္သြားမည္ဟုဆိုသည္။

အိႏၵိယနိုင္ငံေျမာက္ပိုင္း၊ အလယ္ပိုင္းႏွင့္ အေနာက္ပိုင္းေဒသမ်ားတြင္ လြန္ခဲ့သည့္ ၂ ပတ္အတြင္း အပူခ်ိန္ ၄၅ ဒီဂရီစင္တီဂရိတ္မွ ၄၆ ဒီဂရီအထိ ရွိေနေၾကာင္းသိရသည္။

=======

အိန္ဒိယတွင် အပူလှိုင်းကြောင့် ၃ ရက်အတွင်း ၅၀ ကျော်သေဆုံး

ဇွန် ၃

အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဝင်ရောက်မှုကြောင့် ၃ ရက်အတွင်း ပြည်သူ ၅၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် သီတင်းအပတ်ကုန်က အပူလှိုင်းကြောင်း လူပေါင်း ၃၃ ဦးအထိသေဆုံးခဲ့ပြီး ဩဋိသာပြည်နယ်တွင်လည်း ၂၀ ဦးခန့် သေဆုံးခဲ့သည်။

အိန္ဒိယသည် လာမည့် ဇွန်လ ၄ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲရလဒ်များကို ကြေညာရန် စီစဉ်ထားပြီး ယခုသေဆုံးမှုများတွင် ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှ မဲရုံဝန်ထမ်းများ ပါဝင်ကြောင်းဖော်ပြထားသည်။

ရွေးကောက်ပွဲကျင်းပစဉ် သေဆုံးသွားခဲ့သူများအတွက် ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အရာရှိချုပ်မှ လျော်ကြေးငွေများ မိသားစုထံပေးအပ်သွားမည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် လွန်ခဲ့သည့် ၂ ပတ်အတွင်း အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်မှ ၄၆ ဒီဂရီအထိ ရှိနေကြောင်းသိရသည်။