၂၀၂၄ -၂၀၂၅ ပညာသင္ႏွစ္အတြက္ ေက်ာင္းသား/ေက်ာင္းသူမ်ား ယေန႔ ေက်ာင္းစတင္အပ္ႏွံ

ယေန႔ ေမလ (၂၃)ရက္ နံနက္ပိုင္းတြင္ ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းသား/ေက်ာင္းသူမ်ား ေက်ာင္းစတင္အပ္ႏွံေနၿပီျဖစ္ေၾကာင္း သိရသည္။
၂၀၂၄ -၂၀၂၅ ပညာသင္ႏွစ္အတြက္ Grade 1 မွ Grade 12 အထိ အတန္းမ်ားအားလုံးအတြက္ ယေန႔ ေမ (၂၃) ရက္မွစ၍ စတင္ေက်ာင္းအပ္ႏွံနိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေက်ာင္းအပ္ႏွံမႈကို ေမ (၂၃) ရက္မွ ဇြန္ (၂) ရက္အထိ သတ္မွတ္ထားၿပီး ဇြန္ (၃)ရက္တြင္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ အေျခခံပညာေက်ာင္းမ်ားႏွင့္ ဆက္စပ္ဝန္ႀကီး ဌာနအသီးသီးရွိ တကၠသိုလ္ႏွင့္ ေက်ာင္းမ်ားအားလုံး တၿပိဳင္တည္းဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ပညာေရးဝန္ႀကီးဌာန လက္ေအာက္ရွိ ေက်ာင္းအုပ္၊ ဆရာ၊ ဆရာမမ်ား၊ ဝန္ထမ္းမ်ား အားေငြေၾကး သို႔မဟုတ္ လက္ေဆာင္ပစၥည္းမ်ားကို ေပးအပ္ျခင္း မျပဳရန္ ညႊန္ၾကားထားၿပီး ေက်ာင္းသား/ ေက်ာင္းသူမ်ားအတြက္ ဖတ္စာအုပ္၊ ဗလာစာအုပ္၊ ေဘာပင္၊ ခဲတံ‌၊ ေပတံ၊ ေက်ာင္းဝတ္စုံမ်ား ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက အသိေပးထားသည္။
မိဘ၊ အုပ္ထိန္းသူ၊ ျပည္သူမ်ားအေနျဖင့္ၿမိဳ႕နယ္အလိုက္ သတ္မွတ္နယ္ေျမမ်ားတြင္သာ ေက်ာင္းအပ္ႏွံၾကရန္၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပူးေပါင္းေဆာင္ရြက္တတ္ေရး၊ ေက်ာင္းတက္မွန္ေရး၊ အိမ္စာမ်ားကို ေန႔စဥ္လုပ္ေဆာင္ေရး ေက်ာင္းအုပ္၊ ဆရာ၊ ဆရာမမ်ားႏွင့္ ပူးေပါင္းေဆြးေႏြးေဆာင္ရြက္ရန္ပညာသင္ကာလအတြင္း စစ္ေဆးအကဲျဖတ္ျခင္းအား ညႊန္ၾကားခ်က္မ်ားအတိုင္း စစ္ေဆးနိုင္ေရး ေက်ာင္းအုပ္၊ ဆရာ၊ ဆရာမမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္လည္း ေမတၱာရပ္ခံထားသည္။

 

========

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ယနေ့ ကျောင်းစတင်အပ်နှံ

ယနေ့ မေလ (၂၃)ရက် နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျောင်းစတင်အပ်နှံနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် Grade 1 မှ Grade 12 အထိ အတန်းများအားလုံးအတွက် ယနေ့ မေ (၂၃) ရက်မှစ၍ စတင်ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံမှုကို မေ (၂၃) ရက်မှ ဇွန် (၂) ရက်အထိ သတ်မှတ်ထားပြီး ဇွန် (၃)ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီး ဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အားငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခြင်း မပြုရန် ညွှန်ကြားထားပြီး ကျောင်းသား/ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ‌၊ ပေတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့်မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ရန်ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း မေတ္တာရပ်ခံထားသည်။