အိႏၵိယ ပဲဝယ္လိုအား ျမင့္တက္သျဖင့္ ပဲစင္းငုံေဈး စံခ်ိန္တင္ အျမင့္ေဈးသို႔ေရာက္ရွိလာ

အိႏၵိယ၏ ပဲဝယ္လိုအား ျမင့္တက္လာျခင္းေၾကာင့္ ပဲစင္းငုံ တစ္တန္ေဈး က်ပ္ (၄၃) သိန္းအထက္ထိ စံခ်ိန္တင္ျမင့္တက္လာေၾကာင္း ကုန္စည္ဒိုင္မ်ားတြင္ ေဖာ္ျပထားသည့္ ေဈးႏႈ န္းမ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ေမ (၁၇) ရက္တြင္ ပဲစဥ္းငုံ( Red/ RC) တစ္တန္လ်င္ ေငြက်ပ္ ၄,၂၂၅,၀၀၀ ရွိရာမွ လက္ရွိရန္ကုန္ ေဈးကြက္အတြင္း ပဲစင္းငုံ တစ္တန္ (၄၃) သိန္းက်ပ္အထက္သို႔ ေရာက္ရွိလာေၾကာင္း သိရသည္။

လက္ရွိ ေဈးကြက္အတြင္း၌ ပဲစင္းငုံ လက္က်န္နည္းေနၿပီးေလွာင္လက္ကုန္သည္မ်ား၏ လက္ထဲတြင္သာ ပဲရွိေၾကာင္း သိရသည္။

ထို႔ျပင္ အိႏၵိယပို႔ကုန္ပဲ တစ္မ်ိဳးျဖစ္သည့္ မတ္ပဲေဈးႏႈန္းမွာလည္း ေမလ (၂၀)ရက္တြင္ အနည္းငယ္ ျပန္ေအးသြားေသာ္လည္း တစ္တန္လ်င္ က်ပ္ (၃၂) သိန္းအထက္အျမင့္ေဈးတြင္ ဆက္ရွိေနေၾကာင္း သိရသည္။

အိႏၵိယနိုင္ငံသည္ ျမန္မာနိုင္ငံ၏ လယ္ယာထြက္ကုန္ျဖစ္သည့္ ပဲမ်ိဳးစုံကို တင္ပို႔ေနသည့္ ျပည္ပနိုင္ငံမ်ားအနက္ အဓိက ကုန္သြယ္ဖက္ နိုင္ငံလည္း ျဖစ္သည္။

=====

အိန္ဒိယ ပဲဝယ်လိုအား မြင့်တက်သဖြင့် ပဲစင်းငုံဈေး စံချိန်တင် အမြင့်ဈေးသို့ရောက်ရှိလာ

အိန္ဒိယ၏ ပဲဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပဲစင်းငုံ တစ်တန်ဈေး ကျပ် (၄၃) သိန်းအထက်ထိ စံချိန်တင်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်များတွင် ဖော်ပြထားသည့် ဈေးနှု န်းများအရ သိရသည်။

ပြီးခဲ့သည့် မေ (၁၇) ရက်တွင် ပဲစဉ်းငုံ( Red/ RC) တစ်တန်လျင် ငွေကျပ် ၄,၂၂၅,၀၀၀ ရှိရာမှ လက်ရှိရန်ကုန် ဈေးကွက်အတွင်း ပဲစင်းငုံ တစ်တန် (၄၃) သိန်းကျပ်အထက်သို့ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိ ဈေးကွက်အတွင်း၌ ပဲစင်းငုံ လက်ကျန်နည်းနေပြီးလှောင်လက်ကုန်သည်များ၏ လက်ထဲတွင်သာ ပဲရှိကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယပို့ကုန်ပဲ တစ်မျိုးဖြစ်သည့် မတ်ပဲဈေးနှုန်းမှာလည်း မေလ (၂၀)ရက်တွင် အနည်းငယ် ပြန်အေးသွားသော်လည်း တစ်တန်လျင် ကျပ် (၃၂) သိန်းအထက်အမြင့်ဈေးတွင် ဆက်ရှိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ဖြစ်သည့် ပဲမျိုးစုံကို တင်ပို့နေသည့် ပြည်ပနိုင်ငံများအနက် အဓိက ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်သည်။