တန္ဟက္ဂ္အား ရာထူးမွထုတ္ပယ္ၿပီး ပိုခ်က္တီနိုကို အစားထိုးခန႔္အပ္ရန္ မန္ယူပရိသတ္မ်ား ေတာင္းဆို

မန္ယူအသင္းပရိသတ္မ်ားသည္ အသင္းနည္းၿပ တန္ဟက္ဂ္အား ရာထူးမွထုတ္ပယ္ၿပီး ခ်ယ္လ္ဆီးအသင္းႏွင့္လမ္းခြဲခဲ့သည့္ ပိုခ်က္တီနိုအား ၎၏ေနရာတြင္ အစားထိုးခန႔္အပ္ရန္ အသင္းထံ ေတာင္းဆိုခဲ့ၾကေၾကာင္း သိရသည္။

ခ်ယ္လ္ဆီးအသင္းသည္ ေမလ (၂၁) ရက္တြင္ အသင္းကိုတစ္ရာသီသာ ကိုင္တြယ္ရေသးသည့္ နည္းၿပ ပိုခ်က္တီနိုႏွင့္လမ္းခြဲေၾကာင္း အံ့အားသင့္ဖြယ္ေၾကညာခဲ့သည္။

ပိုခ်က္တီနို(၅၂ ႏွစ္)သည္ ရာသီအကုန္ပိုင္းတြင္ ခ်ယ္လ္ဆီးအသင္းကို ရလဒ္ေကာင္းမ်ားရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့ျခင္းေၾကာင့္ မန္ယူပရိသတ္မ်ားက ၎ကို သေဘာက်ေနၿပီး ဖိအားမ်ားခံစားေနရကာ အနာဂတ္မေရမရာျဖစ္ေနသည့္ အသင္းနည္းၿပ တန္ဟက္ဂ္၏ေနရာတြင္ အစားထိုးခန႔္အပ္ရန္ လူမႈကြန္ရက္မ်ားတြင္ ေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္။

မန္ယူပရိသတ္တစ္ဦးက “ယူနိုက္တက္အေနနဲ႔ သူတို႔အတြက္ ဘာေကာင္းလဲဆိုတာကိုသိရင္ ပိုခ်က္တီနိုကို နည္းျပအျဖစ္ ခန႔္အပ္သင့္တယ္”ဟု X တြင္ ေရးသားခဲ့ၿပီး တျခားမန္ယူပရိသတ္တစ္ဦးကလည္း “ကၽြန္ေတာ္ကေတာ့ ပိုခ်က္တီနိုကို ယူနိုက္တက္ဆီ ေခၚခ်င္တယ္”ဟု ေရးသားခဲ့သည္။

မန္ယူပရိသတ္အမ်ားအျပားသည္ လူမႈကြန္ရက္မ်ားတြင္ တန္ဟက္ဂ္အား ရာထူးမွထုတ္ပယ္ၿပီး ၎၏ေနရာတြင္ အျခားနည္းျပမ်ားထက္ ပိုခ်က္တီနိုကိုသာ ခန႔္အပ္သင့္ေၾကာင္း ေရးသားခဲ့ၾကျခင္းျဖစ္သည္။

========

တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ပိုချက်တီနိုကို အစားထိုးခန့်အပ်ရန် မန်ယူပရိသတ်များ တောင်းဆို

မန်ယူအသင်းပရိသတ်များသည် အသင်းနည်းပြ တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲခဲ့သည့် ပိုချက်တီနိုအား ၎င်း၏နေရာတွင် အစားထိုးခန့်အပ်ရန် အသင်းထံ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် မေလ (၂၁) ရက်တွင် အသင်းကိုတစ်ရာသီသာ ကိုင်တွယ်ရသေးသည့် နည်းပြ ပိုချက်တီနိုနှင့်လမ်းခွဲကြောင်း အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။

ပိုချက်တီနို(၅၂ နှစ်)သည် ရာသီအကုန်ပိုင်းတွင် ချယ်လ်ဆီးအသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် မန်ယူပရိသတ်များက ၎င်းကို သဘောကျနေပြီး ဖိအားများခံစားနေရကာ အနာဂတ်မရေမရာဖြစ်နေသည့် အသင်းနည်းပြ တန်ဟက်ဂ်၏နေရာတွင် အစားထိုးခန့်အပ်ရန် လူမှုကွန်ရက်များတွင် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

မန်ယူပရိသတ်တစ်ဦးက “ယူနိုက်တက်အနေနဲ့ သူတို့အတွက် ဘာကောင်းလဲဆိုတာကိုသိရင် ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်သင့်တယ်”ဟု X တွင် ရေးသားခဲ့ပြီး တခြားမန်ယူပရိသတ်တစ်ဦးကလည်း “ကျွန်တော်ကတော့ ပိုချက်တီနိုကို ယူနိုက်တက်ဆီ ခေါ်ချင်တယ်”ဟု ရေးသားခဲ့သည်။

မန်ယူပရိသတ်အများအပြားသည် လူမှုကွန်ရက်များတွင် တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် အခြားနည်းပြများထက် ပိုချက်တီနိုကိုသာ ခန့်အပ်သင့်ကြောင်း ရေးသားခဲ့ကြခြင်းဖြစ်သည်။