အတောင့်တင်းဆုံးအသင်းကို ပိုင်ဆိုင်ထားဟု နည်းပြအန်းနရစ် ပြောကြား

Sports_2

ဘာစီလိုနာသည် လက်ရှိတွင် အတောင့်တင်းဆုံး အသင်းကို ပိုင်ဆိုင်ထားသည်ဟု နည်းပြ လူးဝစ်အန်းနရစ်က ပြောကြားပြီး လာလီဂါနှင့် စပိန်ဘုရင့် ဖလားကို ဆက်လက်ထိန်းသိမ်း နိုင်ရန် ယုံကြည်စိတ်ချနေသည်ဟု ပြောသည်။

စပိန်ချန်ပီယံအသင်းသည် ဂိုမက်စ်၊ ဆယ်မြူရယ် အမ်တီတီ၊ လူးကပ်စ်ဒစ်နီ၊ ဒင်းနစ်ဆွာရက်ဇ် တို့ကို ခေါ်ယူထားပြီး ဘာထရာ၊ ဗာမယ်လန်၊ ကော်ရီယာနှင့် ရာမီ ရက်စ်တို့ အသင်းမှ ထွက်ခွာသွား ပြီဖြစ်သည်။

‘‘စာရွက်ပေါ်မှာတော့ ကျွန် တော်ရှိနေတဲ့သုံးနှစ်မှာ ဒါဟာ အကောင်းဆုံး အသင်းပါ။ ပိုပြီး တောင့်တင်းတဲ့အသင်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ်’’ဟု ဘာကာဝက်ဘ်ဆိုက်တွင် အန်းန ရစ်က ပြောသည်။

‘‘ကစားသမားသစ်တွေ ကောင်းကောင်း အခြေကျသွားတဲ့အခါ သူတို့အနေနဲ့ တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ရမယ့် အရည်အသွေးမြင့် အသင်းရှိနေပါတယ်’ ဟု အန်းနရစ်က ပြောသည်။

အန်းနရစ်သည် ၎င်း၏ ပထမဆုံးရာသီတွင် ပြည်တွင်းဖလား နှစ်လုံးနှင့် ချန်ပီယံလိဂ်အပါအ၀င် ဖလားသုံးလုံးရရှိခဲ့ပြီး ယမန်နှစ်က လာလီဂါဖလားနှင့် ဘုရင့် ဖလားတို့ကို ဆက်လက်ရရှိခဲ့သည်။ နွေရာသီဈေးကွက် မပိတ်မီ အသင်းကို ထပ်မံ၍ တောင့်တင်း ခိုင်မာအောင် လုပ်ရန်ရှိသည်ဟု အန်းနရစ်က ဆိုသည်။

-Ref;(Reuters)


Leave a Reply