အေမရိကန္စစ္သေဘၤာႏွင့္ကုန္တင္ေရယာဥ္တစ္စင္းအား တိုက္ခိုက္ခဲ့ေၾကာင္း ဟူသီသူပုန္အဖြဲ႕ေျပာ

ေမ ၁၆

ပင္လယ္နီအတြင္းရွိ အေမရိကန္တို႔၏ စစ္သေဘၤာတစ္စင္းႏွင့္ ကုန္တင္ေရယာဥ္တစ္စင္းအား တိုက္ခိုက္ခဲ့ေၾကာင္း ယီမင္နိုင္ငံမွ ဟူသီသူပုန္အဖြဲ႕က ေမလ ၁၅ ရက္တြင္ ထုတ္ျပန္ခဲ့ သည္။ ဟူသီသူပုန္အဖြဲ႕သည္ ပင္လယ္နီ အတြင္းရွိ USS Mason ဟု အမည္ေပးထားေသာ အေမရိကန္ဖ်က္သေဘၤာအား ေရတပ္သုံး ဒုံး က်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ယင္း တိုက္ခိုက္မႈအတြင္း ပစ္မွတ္ကို တိက်စြာထိမွန္ခဲ့ေၾကာင္း ဟူသီသူပုန္အဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ယာယာဆာရီယာ က ေျပာသည္။

ထို႔ျပင္ ဟူသီသူပုန္မ်ားသည္ အဆိုပါ ပင္လယ္ရွိ DESTINY ဟု အမည္ေပးထားသည့္ အေမရိကန္ကုန္တင္ေရယာဥ္ကိုလည္း တိက်စြာတိုက္ခိုက္ခဲ့နိုင္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားခဲ့သည္။

USS Mason ဖ်က္သေဘၤာသည္ Arleigh Burke အတန္းအစား ပဲ့ထိန္းဒုံးက်ည္တပ္ ဖ်က္သေဘၤာတစ္စင္း ျဖစ္ၿပီး အေမရိကန္အစိုးရက ေဒသအတြင္း၌ ဟူသီသူပုန္မ်ားကေရေၾကာင္းဆက္သြယ္ေရး လမ္း ေၾကာင္းမ်ားအား ပိတ္ဆို႔တိုက္ခိုက္ျခင္းမွ ကာကြယ္ရန္အတြက္ ပင္လယ္နီႏွင့္အနီးတဝိုက္ေဒသ၌ ျဖန႔္ ၾကက္ထားသည့္ ေရယာဥ္ တစ္စင္းလည္း ျဖစ္သည္။ ပင္လယ္နီႏွင့္ေအဒင္ပင္လယ္ေကြ႕အတြင္းရွိ ေရေၾကာင္းဆက္သြယ္ေရး လမ္းေၾကာင္း မ်ားကို တိုက္ခိုက္ရျခင္းမွာ ဂါဇာကမ္းေျမာင္ေဒသ၌ အစၥေရးက ပါလက္ စတိုင္းမ်ားအေပၚ ျပဳလုပ္ေနသည့္ တိုက္ ခိုက္မႈမ်ားကို တုံ႔ျပန္သည့္အေနျဖင့္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ဟူသီသူပုန္အဖြဲ႕က ေျပာသည္။ ဂါဇာ ကမ္းေျမာင္ေဒသတြင္ အစၥေရးက လုပ္ေဆာင္ေနသည့္ တိုက္ခိုက္မႈမ်ားေၾကာင့္ ပါလက္စတိုင္း ျပည္သူ ၃၅,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျဖစ္ ေၾကာင္း ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။

=========

အမေရိကန်စစ်သင်္ဘောနှင့်ကုန်တင်ရေယာဉ်တစ်စင်းအား တိုက်ခိုက်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့ပြော

မေ ၁၆

ပင်လယ်နီအတွင်းရှိ အမေရိကန်တို့၏ စစ်သင်္ဘောတစ်စင်းနှင့် ကုန်တင်ရေယာဉ်တစ်စင်းအား တိုက်ခိုက်ခဲ့ကြောင်း ယီမင်နိုင်ငံမှ ဟူသီသူပုန်အဖွဲ့က မေလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ဟူသီသူပုန်အဖွဲ့သည် ပင်လယ်နီ အတွင်းရှိ USS Mason ဟု အမည်ပေးထားသော အမေရိကန်ဖျက်သင်္ဘောအား ရေတပ်သုံး ဒုံး ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှုအတွင်း ပစ်မှတ်ကို တိကျစွာထိမှန်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာ က ပြောသည်။

ထို့ပြင် ဟူသီသူပုန်များသည် အဆိုပါ ပင်လယ်ရှိ DESTINY ဟု အမည်ပေးထားသည့် အမေရိကန်ကုန်တင်ရေယာဉ်ကိုလည်း တိကျစွာတိုက်ခိုက်ခဲ့နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

USS Mason ဖျက်သင်္ဘောသည် Arleigh Burke အတန်းအစား ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်း ဖြစ်ပြီး အမေရိကန်အစိုးရက ဒေသအတွင်း၌ ဟူသီသူပုန်များကရေကြောင်းဆက်သွယ်ရေး လမ်း ကြောင်းများအား ပိတ်ဆို့တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ပင်လယ်နီနှင့်အနီးတဝိုက်ဒေသ၌ ဖြန့် ကြက်ထားသည့် ရေယာဉ် တစ်စင်းလည်း ဖြစ်သည်။ ပင်လယ်နီနှင့်အေဒင်ပင်လယ်ကွေ့အတွင်းရှိ ရေကြောင်းဆက်သွယ်ရေး လမ်းကြောင်း များကို တိုက်ခိုက်ရခြင်းမှာ ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးက ပါလက် စတိုင်းများအပေါ် ပြုလုပ်နေသည့် တိုက် ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့က ပြောသည်။ ဂါဇာ ကမ်းမြောင်ဒေသတွင် အစ္စရေးက လုပ်ဆောင်နေသည့် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ပြည်သူ ၃၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။