ပါရီအိုလံပစ္ၿပိဳင္ပြဲယွဥ္ၿပိဳင္မယ့္ သက္ထားသူဇာ

ေမ ၁၆

လာမယ့္ ဇူလိုင္လအတြင္း ျပင္သစ္နိုင္ငံမွာ က်င္းပမယ့္ ၂၀၂၄ ပါရီအိုလံပစ္ၿပိဳင္ပြဲကို ျမန္မာၾကက္ေတာင္ အားကစားမယ္ သက္ထားသူဇာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တယ္လို႔ ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္(BWF)ရဲ့ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒါဟာသူမအတြက္ ဒုတိယအႀကိမ္ေျမာက္ အိုလံပစ္အားကစားပြဲေတာ္တြင္ ပါဝင္ခြင့္ရျခင္းျဖစ္ပါတယ္။ သက္ထားသူဇာဟာ ၿပီးခဲ့တဲ့ (၂၀၂၀) တိုက်ိဳအိုလံပစ္အားကစားၿပိဳင္ပြဲတြင္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တာေၾကာင့္ ႏွစ္ႀကိမ္ဆက္ အိုလံပစ္ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ ျမန္မာ့ၾကက္ေတာင္အားကစားမယ္တစ္ဦးျဖစ္လာခဲ့ပါတယ္။

ျမန္မာၾကက္ေတာင္အားကစားမယ္သက္ထားသူဇာဟာ လက္ရွိကမၻာ့အဆင့္သတ္မွတ္ခ်က္ရဲ့ အမ်ိဳး သမီးတစ္ဦးခ်င္းအဆင့္တြင္ (၄၃) နဲ႔ရပ္တည္ေနတာျဖစ္ပါတယ္။

ပါရီအို လံပစ္ၿပိဳင္ပြဲမွာအတြက္ ယွဥ္ၿပိဳင္ခြင့္ရသူေတြထဲမွာေတာ့ အာဆီယံနိုင္ငံေတြက ခုနစ္ေယာက္သာပါဝင္ၿပီး ထိုင္းက (၂)ေယာက္၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ျမန္မာ၊ စင္ကာပူနဲ႔ မေလးရွားနိုင္ငံေတြက (၁)ေယာက္စီပါဝင္တယ္လို႔ သိရပါတယ္။

=======

ပါရီအိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်မယ့် သက်ထားသူဇာ
မေ ၁၆

လာမယ့် ဇူလိုင်လအတွင်း ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲကို မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တယ်လို့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါဟာသူမအတွက် ဒုတိယအကြိမ်မြောက် အိုလံပစ်အားကစားပွဲတော်တွင် ပါဝင်ခွင့်ရခြင်းဖြစ်ပါတယ်။ သက်ထားသူဇာဟာ ပြီးခဲ့တဲ့ (၂၀၂၀) တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာကြောင့် နှစ်ကြိမ်ဆက် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ မြန်မာ့ကြက်တောင်အားကစားမယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။

မြန်မာကြက်တောင်အားကစားမယ်သက်ထားသူဇာဟာ လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့ အမျိုး သမီးတစ်ဦးချင်းအဆင့်တွင် (၄၃) နဲ့ရပ်တည်နေတာဖြစ်ပါတယ်။

ပါရီအို လံပစ်ပြိုင်ပွဲမှာအတွက် ယှဉ်ပြိုင်ခွင့်ရသူတွေထဲမှာတော့ အာဆီယံနိုင်ငံတွေက ခုနစ်ယောက်သာပါဝင်ပြီး ထိုင်းက (၂)ယောက်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေက (၁)ယောက်စီပါဝင်တယ်လို့ သိရပါတယ်။