စည္း႐ုံးေရးလုပ္ငန္းစဥ္ဆိုသည္မွာ နိုင္ငံေရးပါတီ အတြက္ အသက္ဝိဉာဥ္သဖြယ္ျဖစ္ၿပီး အသြင္သ႑န္မွသည္ အႏွစ္သာရကို ဦးတည္သည့္လက္ေတြ႕က်ေသာ စည္႐ုံးေရးျဖစ္ရန္လိုအပ္

ပုသိမ္ ေမ ၁၃

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးမ်ိဳးေဇာ္သိန္းသည္ ဧရာဝတီတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး၊ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာသန္းထြန္း၊ ဧရာဝတီတိုင္းပါတီဥကၠ႒ဦးသိန္းထြန္းတို႔ႏွင့္အတူ ၂၀၂၄ခုႏွစ္‌၊ ေမလ ၁၃ ရက္ေန႔ႏွင့္ ၁၄ရက္ေန႔တို႔တြင္ ပုသိမ္ၿမိဳ႕၌ တိုင္း/ ခရိုင္/ၿမိဳ႕နယ္ပါတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ထို႔ေနာက္ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ ခရိုင္/ၿမိဳ႕နယ္တာဝန္ရွိသူမ်ားက နယ္ေျမေဒသ အေျခအေနမ်ားႏွင့္ပတ္သက္၍ တင္ျပေဆြးေႏြးခဲ့
ၾကၿပီး ပါတီဗဟိုအတြင္းေရးမႉးႏွင့္တိုင္းပါတီဥကၠ႒တို႔မွလည္း လိုအပ္သည္မ်ား ျဖည့္စြက္ ေျပာၾကားခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲတြင္ ဒုတိယဥကၠ႒မွ စည္း႐ုံးေရးလုပ္ငန္းစဥ္ဆိုသည္မွာ နိုင္ငံေရးပါတီအတြက္ အသက္ဝိဉာဥ္သဖြယ္ ျဖစ္ေၾကာင္း၊အသြင္သ႑န္မွသည္ အႏွစ္သာရကို ဦးတည္သည့္ လက္ေတြ႕က်ေသာ စည္း႐ုံးေရးျဖစ္ရန္လိုအပ္ၾကာင္း၊ ဘာပဲလုပ္လုပ္ ျပည္သူကိုဗဟိုျပဳၿပီးလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း၊ အဆင့္ဆင့္ေသာ ပါတီကို ဦးေဆာင္ေနသူမ်ားသည္ အျမင္(၄)ျမင္သာမက နိုင္ငံတကာအျမင္ႏွင့္ နည္းပညာအျမင္တို႔ပါ ရွိရန္လိုအပ္ေၾကာင္း၊ ျပည္ေထာင္စုစိတ္ဓာတ္ကိုအေျခခံၿပီး အဖြဲ႕အစည္းစိတ္ဓာတ္၊ စုေပါင္းအားျဖင့္ ေဆာင္ရြက္ရန္လိုေၾကာင္း အေသးစိတ္လမ္းညႊန္မွာၾကားခဲ့ပါသည္။
ထို႔ေနာက္ပါတီဒုတိယဥကၠ႒အစည္းအေဝးသို႔ တက္ေရာက္လာၾကေသာ တိုင္း/ ခရိုင္/ၿမိဳ႕နယ္ ပါတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ နယ္ေျမအလိုက္ နိုင္ငံေရး၊ နိုင္ငံ့အေရးဆိုင္ရာကိစၥ ရပ္မ်ားအား အျပန္အလွန္ ေပါင္းစပ္ညႇိႏွိုင္းေဆြးေႏြး၍ ဆက္လက္ေဆာင္ရြက္ရမည့္လုပ္ငန္းစဥ္မ်ားအား သုံးသပ္ေဆြးေႏြးခဲ့‌ေၾကာင္း သတင္းရရွိပါသည္။

========

စည်းရုံးရေးလုပ်ငန်းစဉ်ဆိုသည်မှာ နိုင်ငံရေးပါတီ အတွက် အသက်ဝိဉာဉ်သဖွယ်ဖြစ်ပြီး အသွင်သဏ္ဍန်မှသည် အနှစ်သာရကို ဦးတည်သည့်လက်တွေ့ကျသော စည်ရုံးရေးဖြစ်ရန်လိုအပ်

ပုသိမ် မေ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်းသည် ဧရာဝတီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းပါတီဥက္ကဋ္ဌဦးသိန်းထွန်းတို့နှင့်အတူ ၂၀၂၄ခုနှစ်‌၊ မေလ ၁၃ ရက်နေ့နှင့် ၁၄ရက်နေ့တို့တွင် ပုသိမ်မြို့၌ တိုင်း/ ခရိုင်/မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်တာဝန်ရှိသူများက နယ်မြေဒေသ အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့
ကြပြီး ပါတီဗဟိုအတွင်းရေးမှူးနှင့်တိုင်းပါတီဥက္ကဋ္ဌတို့မှလည်း လိုအပ်သည်များ ဖြည့်စွက် ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဥက္ကဋ္ဌမှ စည်းရုံးရေးလုပ်ငန်းစဉ်ဆိုသည်မှာ နိုင်ငံရေးပါတီအတွက် အသက်ဝိဉာဥ်သဖွယ် ဖြစ်ကြောင်း၊အသွင်သဏ္ဍန်မှသည် အနှစ်သာရကို ဦးတည်သည့် လက်တွေ့ကျသော စည်းရုံးရေးဖြစ်ရန်လိုအပ်ကြာင်း၊ ဘာပဲလုပ်လုပ် ပြည်သူကိုဗဟိုပြုပြီးလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အဆင့်ဆင့်သော ပါတီကို ဦးဆောင်နေသူများသည် အမြင်(၄)မြင်သာမက နိုင်ငံတကာအမြင်နှင့် နည်းပညာအမြင်တို့ပါ ရှိရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး အဖွဲ့အစည်းစိတ်ဓာတ်၊ စုပေါင်းအားဖြင့် ဆောင်ရွက်ရန်လိုကြောင်း အသေးစိတ်လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက်ပါတီဒုတိယဥက္ကဋ္ဌအစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်း/ ခရိုင်/မြို့နယ် ပါတီများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် နိုင်ငံရေး၊ နိုင်ငံ့အရေးဆိုင်ရာကိစ္စ ရပ်များအား အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သုံးသပ်ဆွေးနွေးခဲ့‌ကြောင်း သတင်းရရှိပါသည်။