5G ထက္ အဆ ၂၀ ပိုျမန္တဲ့ 6G Device ကို ဂ်ပန္က ျပသ

ဂ်ပန္ ကုမၸဏီလုပ္ငန္းစုက 5G ထက္ အဆ ၂၀ ပိုျမန္တဲ့ 6G Device ကို ျပသလိုက္ၿပီး ေဒတာ ပို႔တဲ့ အျမန္ႏႈန္းဟာ ေပ ၃၀၀ ေက်ာ္အတြင္းမွာ 100 gigabits per second (Gbps) ရွိပါတယ္။
အဲဒီ Device ကို ဂ်ပန္ရဲ့ ထိပ္တန္း Telecom ကုမၸဏီေတြ ျဖစ္တဲ့ DOCOMO, NTT Corporation , NEC Corporation နဲ႔ Fujitsu တို႔ ပူးေပါင္း တီထြင္ထားတာ ျဖစ္ပါတယ္။
ကုမၸဏီ လုပ္ငန္းစုက Indoor မွာ 100 gigahertz (GHz) နဲ႔ Outdoor မွာ 300 GHz Band ကို အသုံးျပဳထားတယ္လို႔ ေျပာပါတယ္။ ဧၿပီလ ၁၁ ရက္ေန႔မွာ အဲဒီ Device ကို ေအာင္ျမင္စြာ စမ္းသပ္နိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီ စမ္းသပ္မႈကို ၃၂၈ ေပ (၁၀၀ မီတာ) အကြာအေဝးမွာ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။
လက္ရွိမွာ 5G ကို နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ မရၾကေသးပါဘူး။ 6G ဟာလည္း တီထြင္ဆဲ အဆင့္မွာ ရွိေနေသးၿပီး အသုံးျပဳနိုင္ဖို႔ ၾကာျမင္ဦးမွာ ျဖစ္ပါတယ္။
Ref : theverge

=========

5G ထက် အဆ ၂၀ ပိုမြန်တဲ့ 6G Device ကို ဂျပန်က ပြသ

ဂျပန် ကုမ္ပဏီလုပ်ငန်းစုက 5G ထက် အဆ ၂၀ ပိုမြန်တဲ့ 6G Device ကို ပြသလိုက်ပြီး ဒေတာ ပို့တဲ့ အမြန်နှုန်းဟာ ပေ ၃၀၀ ကျော်အတွင်းမှာ 100 gigabits per second (Gbps) ရှိပါတယ်။
အဲဒီ Device ကို ဂျပန်ရဲ့ ထိပ်တန်း Telecom ကုမ္ပဏီတွေ ဖြစ်တဲ့ DOCOMO, NTT Corporation , NEC Corporation နဲ့ Fujitsu တို့ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။
ကုမ္ပဏီ လုပ်ငန်းစုက Indoor မှာ 100 gigahertz (GHz) နဲ့ Outdoor မှာ 300 GHz Band ကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ အဲဒီ Device ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စမ်းသပ်မှုကို ၃၂၈ ပေ (၁၀၀ မီတာ) အကွာအဝေးမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ 5G ကို နိုင်ငံတော်တော်များများမှာ မရကြသေးပါဘူး။ 6G ဟာလည်း တီထွင်ဆဲ အဆင့်မှာ ရှိနေသေးပြီး အသုံးပြုနိုင်ဖို့ ကြာမြင်ဦးမှာ ဖြစ်ပါတယ်။
Ref : theverge