ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ ပါတီကိုခ်စ္ခင္အားေပးၾကသူမ်ား၊ အသင္းဝင္ေဟာင္းမ်ား၊ ပါတီမွ ကင္းကြာပါတီဝင္မ်ားႏွင့္ေတြ႕ဆုံ

ေမ ၁၄၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဗဟိုအလုပ္အမႈေဆာင္ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုး ႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ ေမလ (၁၄) ရက္ေန႔ ေန႔လည္ ၁၄၀၀ အခ်ိန္တြင္ သံလြင္လမ္းရွိ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္) ခန္းမတြင္ ျပဳလုပ္သည့္ ပါတီကိုခ်စ္ခင္အား​ေပးၾကသူမ်ား၊ အသင္းဝင္ေဟာင္းမ်ား၊ ပါတီမွ ကင္းကြာပါတီဝင္မ်ားႏွင့္ေတြ႕ဆုံပြ​ဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲကို နိုင္ငံေတာ္အလံအား အေလးျပဳ၍ နိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒မွ အဖြင့္အမွာစကားေျပာၾကားရာ ” ျပည္ခိုင္ၿဖိဳးပါတီ ေပၚေပါက္လာခဲ့ရမႈႏွင့္ ျဖတ္သန္းခဲ့ရေသာ သမိုင္းေၾကာင္း၊ ပါတီမွ ေဆာင္ရြက္ေနေသာ ျပည့္မ႑ိဳင္ ဖြဲ႕စည္းမႈႏွင့္ လုပ္ငန္းေဆာင္ရြက္ေနမႈမ်ား ” အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ တက္ေရာက္လာၾကသူမ်ားက ၎တို႔သိရွိလိုသည္မ်ားအား ေမးျမန္းရာ ပါတီဥကၠ႒မွ ျပန္လည္ရွင္းလင္းေျဖၾကားခဲ့ၿပီး အခမ္အးနားကို ေန႔လည္ ၁၅၄၅ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဗဟိုအလုပ္အမႈေဆာင္ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုး၊ တိုင္းေဒသႀကီး၊ ခရိုင္၊ ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူမ်ား၊ ပါတီကိုခ်စ္ခင္အားေပးၾကသူမ်ား၊ အသင္းဝင္ေဟာင္းမ်ား၊ ပါတီႏွင့္ ကင္းကြာေနေသာ အင္အားမ်ားအပါအဝင္ စုစုေပါင္း (၄၀၀)ဦး​ေက်ာ္တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

=======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့်တွေ့ဆုံ
*******
မေ ၁၄၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့်အတူ ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့ နေ့လည် ၁၄၀၀ အချိန်တွင် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်) ခန်းမတွင် ပြုလုပ်သည့် ပါတီကိုချစ်ခင်အား​ပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့်တွေ့ဆုံပွ​ဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ ” ပြည်ခိုင်ဖြိုးပါတီ ပေါ်ပေါက်လာခဲ့ရမှုနှင့် ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်း၊ ပါတီမှ ဆောင်ရွက်နေသော ပြည့်မဏ္ဍိုင် ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ ” အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ၎င်းတို့သိရှိလိုသည်များအား မေးမြန်းရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်အးနားကို နေ့လည် ၁၅၄၅ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများ၊ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီနှင့် ကင်းကွာနေသော အင်အားများအပါအဝင် စုစုပေါင်း (၄၀၀)ဦး​ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။