သမၼတဗလာဒီမာပူတင္က ေဘာဂေဗဒပညာရွင္ အင္ဒေရဘယ္လူေဆာ့ကို ႐ုရွားကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္

သမၼတဗလာဒီမာပူတင္သည္ နိုင္ငံေရးနယ္ပယ္တြင္ ၾသဇာႀကီးမားေသာ ေဘာဂေဗဒပညာရွင္ အင္ဒေရဘယ္လူေဆာ့ကို ႐ုရွားကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္လိုက္သည္ဟု သိရသည္။

လူသိမမ်ားေသာ ဘယ္လူေဆာ့သည္ ကာလရွည္တာဝန္ထမ္းေဆာင္ခဲ့ေသာ ဆာေဂးရြိဳင္ဂူ၏ေနရာတြင္ အစားထိုးခန႔္အပ္ခံရျခင္းျဖစ္သည္။ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဆာေဂးရြိဳင္ဂူသည္ ႐ုရွားအမ်ိဳးသားလုံျခဳံေရးေကာင္စီ၏အတြင္းေရးမႉးဟူေသာ ရာထူးသစ္တြင္ ခန႔္အပ္ခံခဲ့ရသည္။

သမၼတဗလာဒီမာပူတင္သည္ ယူကရိန္းစစ္ဆင္ေရး ႏွစ္ႏွစ္ေက်ာ္ ၾကာျမင့္လာခ်ိန္တြင္ ႐ုရွားစစ္တပ္ေခါင္းေဆာင္ပိုင္းကို အေျပာင္းအလဲလုပ္သည့္အေနျဖင့္ ေမ ၁၂ ရက္တြင္ ကာကြယ္ေရးဝန္ႀကီး ဆာေဂးရြိဳင္ဂူကို ရာထူးမွ ဖယ္ရွားခဲ့ျခင္းျဖစ္သည္။

အသက္ ၆၈ ႏွစ္အရြယ္ရွိ ရြိဳင္ဂူသည္ ၂၀၁၂ ခုႏွစ္တြင္ ႐ုရွားကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရျခင္းျဖစ္ၿပီး ဆိုဗီယက္ေခတ္လြန္ ႐ုရွားတြင္ ၿပိဳင္ဘက္ကင္း နိုင္ငံေရးသက္တမ္းအရွည္ဆုံး ပုဂၢိဳလ္တစ္ဦးျဖစ္ခဲ့သည္။ ၎သည္ ႐ုရွားတြင္ အေရးႀကီးေသာ အာဏာကိုရရွိထားသည္မွာ ပူတင္ထက္ပင္ ေစာသည္။

႐ုရွားက ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလထဲတြင္ ယူကရိန္းကို အင္အားအျပည့္သုံးေသာ စစ္ဆင္ေရးမလုပ္မီ ရြိဳင္ဂူသည္ သမၼတဗလာ ဒီမာပူတင္၏ စိတ္အခ်ရဆုံး လူတစ္ဦးအျဖစ္ ရႈျမင္ခံခဲ့ရသည္။

ရြိဳင္ဂူ၏ေနရာတြင္ အစားဝင္လာေသာ ကာကြယ္ေရးဝန္ႀကီးသစ္ အင္ဒေရဘယ္လူေဆာ့သည္ ပူတင္၏စီးပြားေရးအႀကံေပးအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ဒုတိယဝန္ႀကီးခ်ဳပ္ေဟာင္းႏွင့္ စီးပြားေရးဖြံ့ၿဖိဳးတိုးတက္မႈဝန္ႀကီးအျဖစ္ ထမ္းေဆာင္ခဲ့သူျဖစ္သည္။

အခ်ိန္ၾကာျမင့္လာၿပီျဖစ္ေသာ ယူကရိန္းစစ္ပြဲတြင္ ယူကရိန္း၏ထက္ ကုန္ထုတ္လုပ္မႈပိုမ်ားေစရန္လည္းေကာင္း၊ ယူကရိန္း၏ အေနာက္မဟာမိတ္နိုင္ငံမ်ား၏ ကုန္ထုတ္လုပ္မႈထက္ပိုမိုသာလြန္ေစရန္ ရည္ရြယ္သည့္ အေနျဖင့္လည္းေကာင္းအရပ္သား တကၠနိုခရက္တစ္ဦးကို ပူတင္က ကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ ပူတင္သည္ စစ္ေရးအသုံးစရိတ္မ်ားကို ထိန္းခ်ဳပ္ရန္ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာနက စြမ္းရည္တိုးတက္ေစရန္ရည္ရြယ္ထားပုံရသည္။

ဆာေဂးရြိဳင္ဂူကဲ့သို႔မဟုတ္ဘဲ ဘယ္လူေဆာ့သည္ ယူကရိန္းကိုက်ဴးေက်ာ္ရာတြင္ ထင္သာျမင္သာရွိေသာ အခန္းက႑မွ ပါဝင္ခဲ့သူမဟုတ္ေပ။ အစိုးရအမႈထမ္းအျဖစ္ သက္တမ္းရွည္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး လူသိမ်ားသူမဟုတ္ျခင္းေၾကာင့္ ကရင္မလင္ေခါင္းေဆာင္ပိုင္းတြင္ ရည္မွန္းခ်က္ႀကီးေသာ မ်က္ႏွာသစ္မ်ားကို ရာထူးႀကီးႀကီးမေပးလိုေသာ ပူတင္က သူ႔အားကာကြယ္ေရးဝန္ႀကီးအျဖစ္ ေရြးခ်ယ္ခဲ့ျခင္းမွာ မည္သို႔ဆိုေစ ထူးျခားသည္ဟု သုံးသပ္ေနၾကသည္။

ဘယ္လူေဆာ့ကို ကာကြယ္ေရးဝန္ႀကီးအျဖစ္ခန႔္အပ္ျခင္းမွာ ကာကြယ္ေရးကို ႐ုရွားနိုင္ငံေတာ္မူဝါဒ၏ အႂကြင္းမဲ့ဦးစားေပးျဖစ္ လာေစလိမ့္မည္ဟု မီဒီယာလုပ္ငန္းရွင္သူေဌးႀကီး ကြန္စတန္တင္မာလိုေဖယက္က ေျပာၾကားခဲ့သည္။

ပူတင္သည္ သမၼတသက္တမ္းကို ငါးႀကိမ္ေျမာက္ထမ္းေဆာင္ခ်ိန္တြင္ ဝန္ႀကီးမ်ားကို ရာထူးမ်ားေျပာင္းလဲခဲ့သည္။ Eleven

=======

သမ္မတဗလာဒီမာပူတင်က ဘောဂဗေဒပညာရှင် အင်ဒရေဘယ်လူဆော့ကို ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်

သမ္မတဗလာဒီမာပူတင်သည် နိုင်ငံရေးနယ်ပယ်တွင် သြဇာကြီးမားသော ဘောဂဗေဒပညာရှင် အင်ဒရေဘယ်လူဆော့ကို ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။

လူသိမများသော ဘယ်လူဆော့သည် ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သော ဆာဂေးရွိုင်ဂူ၏နေရာတွင် အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွိုင်ဂူသည် ရုရှားအမျိုးသားလုံခြုံရေးကောင်စီ၏အတွင်းရေးမှူးဟူသော ရာထူးသစ်တွင် ခန့်အပ်ခံခဲ့ရသည်။

သမ္မတဗလာဒီမာပူတင်သည် ယူကရိန်းစစ်ဆင်ရေး နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် ရုရှားစစ်တပ်ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲလုပ်သည့်အနေဖြင့် မေ ၁၂ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

အသက် ၆၈ နှစ်အရွယ်ရှိ ရွိုင်ဂူသည် ၂၀၁၂ ခုနှစ်တွင် ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ဆိုဗီယက်ခေတ်လွန် ရုရှားတွင် ပြိုင်ဘက်ကင်း နိုင်ငံရေးသက်တမ်းအရှည်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။ ၎င်းသည် ရုရှားတွင် အရေးကြီးသော အာဏာကိုရရှိထားသည်မှာ ပူတင်ထက်ပင် စောသည်။

ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ယူကရိန်းကို အင်အားအပြည့်သုံးသော စစ်ဆင်ရေးမလုပ်မီ ရွိုင်ဂူသည် သမ္မတဗလာ ဒီမာပူတင်၏ စိတ်အချရဆုံး လူတစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရသည်။

ရွိုင်ဂူ၏နေရာတွင် အစားဝင်လာသော ကာကွယ်ရေးဝန်ကြီးသစ် အင်ဒရေဘယ်လူဆော့သည် ပူတင်၏စီးပွားရေးအကြံပေးအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အချိန်ကြာမြင့်လာပြီဖြစ်သော ယူကရိန်းစစ်ပွဲတွင် ယူကရိန်း၏ထက် ကုန်ထုတ်လုပ်မှုပိုများစေရန်လည်းကောင်း၊ ယူကရိန်း၏ အနောက်မဟာမိတ်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုထက်ပိုမိုသာလွန်စေရန် ရည်ရွယ်သည့် အနေဖြင့်လည်းကောင်းအရပ်သား တက္ကနိုခရက်တစ်ဦးကို ပူတင်က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပူတင်သည် စစ်ရေးအသုံးစရိတ်များကို ထိန်းချုပ်ရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာနက စွမ်းရည်တိုးတက်စေရန်ရည်ရွယ်ထားပုံရသည်။

ဆာဂေးရွိုင်ဂူကဲ့သို့မဟုတ်ဘဲ ဘယ်လူဆော့သည် ယူကရိန်းကိုကျူးကျော်ရာတွင် ထင်သာမြင်သာရှိသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူမဟုတ်ပေ။ အစိုးရအမှုထမ်းအဖြစ် သက်တမ်းရှည်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူသိများသူမဟုတ်ခြင်းကြောင့် ကရင်မလင်ခေါင်းဆောင်ပိုင်းတွင် ရည်မှန်းချက်ကြီးသော မျက်နှာသစ်များကို ရာထူးကြီးကြီးမပေးလိုသော ပူတင်က သူ့အားကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ခြင်းမှာ မည်သို့ဆိုစေ ထူးခြားသည်ဟု သုံးသပ်နေကြသည်။

ဘယ်လူဆော့ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခြင်းမှာ ကာကွယ်ရေးကို ရုရှားနိုင်ငံတော်မူဝါဒ၏ အကြွင်းမဲ့ဦးစားပေးဖြစ် လာစေလိမ့်မည်ဟု မီဒီယာလုပ်ငန်းရှင်သူဌေးကြီး ကွန်စတန်တင်မာလိုဖေယက်က ပြောကြားခဲ့သည်။

ပူတင်သည် သမ္မတသက်တမ်းကို ငါးကြိမ်မြောက်ထမ်းဆောင်ချိန်တွင် ဝန်ကြီးများကို ရာထူးများပြောင်းလဲခဲ့သည်။ Eleven