ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ရပ္မိရပ္မ်ား၊ ပရဟိတအသင္းအဖြဲမ်ား၊ NGO အဖြဲဝင္မ်ား၊ လူငယ္ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံ

ေမ ၁၃၊ ျပည္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ ဗဟိုအလုပ္အမႈေဆာင္ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) ပါတီဥကၠ႒ ဦးေအာင္ခ်ိဳဦးႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ ေမလ (၁၂) ရက္ေန႔ နံနက္ ၀၉၀၀ အခ်ိန္တြင္ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ ျပည္ၿမိဳနယ္ပါတီ႐ုံးခန္းမတြင္ ျပဳလုပ္သည့္ တိုင္းေဒသႀကီးအတြင္းမွ ရပ္မိရပ္မ်ား၊ ပရဟိတအသင္းအဖြဲမ်ား၊ NGO အဖြဲဝင္မ်ား၊ လူငယ္ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံပြ သို တက္ေရာက္ခဲ့ပါသည္။

ေတြ႕ဆုံပြဲ ပထမပိုင္းတြင္ ေဒသအတြင္းမွ ရပ္မိရပ္မ်ား၊ ပရဟိတအသင္းအဖြဲမ်ား၊ NGO အဖြဲဝင္မ်ားအပါအဝင္ အင္အား (၁၀၀)ဦးႏွင့္ ေတြ႕ဆုံပြဲသို တက္ေရာက္ခဲ့ၿပီး ပါတီမွ ေဆာင္ရြက္ေနေသာ အစီအမံမ်ား၊ ေရွ႕ဆက္ေဆာင္ရြက္မႈ အစီအမံမ်ားအားရွင္းလင္းေျပာၾကား၍ တက္ေရာက္လာသူမ်ားႏွင့္ ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ ေမးျမန္ေျဖၾကား (၁၂)ရက္ေန႔ ပထမပိုင္းအခမ္းအနားကို နံနက္ ၁၀၀၀ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။

ထိုေနာက္ နံနက္ ၁၀၂၀ အခ်ိန္တြင္ ဒု တိယပိုင္းအခမ္းအနားျဖစ္သည့္ လူငယ္ပါတီဝင္(၂၅)ဦးႏွင့္ ေတြ႕ဆုံၿပီး ၎တိုသိရွိလိုသည့္ လူငယ္ႏွင့္ ပညာေရး၊ လူငယ္မ်ား၏ အလုပ္အကိုင္အခြင့္အလမ္း၊ လူငယ္မ်ားရင္ဆိုင္ၾကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားအား ေမးျမန္းၾကရာ ပါတီဥကၠ႒မွ ရင္းႏွီးေႏြးေထြးစြာ ျပန္လည္ေျဖၾကားခဲ့ၿပီး ေတြ႕ဆုံပြဲကို ေန႔လည္ ၁၁၃၀ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။

========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရပ်မိရပ်များ၊ ပရဟိတအသင်းအဖွဲများ၊ NGO အဖွဲဝင်များ၊ လူငယ်ပါတီဝင်များနှင့်တွေ့ဆုံ
***
မေ ၁၃၊ ပြည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်အတူ ၂၀၂၄ ခုနှစ်၊ မေလ (၁၂) ရက်နေ့ နံနက် ၀၉၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြိုနယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီးအတွင်းမှ ရပ်မိရပ်များ၊ ပရဟိတအသင်းအဖွဲများ၊ NGO အဖွဲဝင်များ၊ လူငယ်ပါတီဝင်များနှင့်တွေ့ဆုံပွ သို တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲ ပထမပိုင်းတွင် ဒေသအတွင်းမှ ရပ်မိရပ်များ၊ ပရဟိတအသင်းအဖွဲများ၊ NGO အဖွဲဝင်များအပါအဝင် အင်အား (၁၀၀)ဦးနှင့် တွေ့ဆုံပွဲသို တက်ရောက်ခဲ့ပြီး ပါတီမှ ဆောင်ရွက်နေသော အစီအမံများ၊ ရှေ့ဆက်ဆောင်ရွက်မှု အစီအမံများအားရှင်းလင်းပြောကြား၍ တက်ရောက်လာသူများနှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် မေးမြန်ဖြေကြား (၁၂)ရက်နေ့ ပထမပိုင်းအခမ်းအနားကို နံနက် ၁၀၀၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

ထိုနောက် နံနက် ၁၀၂၀ အချိန်တွင် ဒု တိယပိုင်းအခမ်းအနားဖြစ်သည့် လူငယ်ပါတီဝင်(၂၅)ဦးနှင့် တွေ့ဆုံပြီး ၎င်းတိုသိရှိလိုသည့် လူငယ်နှင့် ပညာရေး၊ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ရင်းနှီးနွေးထွေးစွာ ပြန်လည်ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၁၁၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။