
မန္တလေး ဧပြီ ၈

အစည်းအဝေးတွင် ပါတီဗဟို အလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး၊ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာမောင်သင်းက စာဖတ်ရှိန်မြှင့်တင်ရေး Book Review အစီအစဉ်နှင့်ဆွေးနွေးပွဲ ပြုလုပ်သွားရေး၊ကေဒါရွေးချယ် လေ့ကျင့်ရေးနှင့်ပါတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပါတီဝင်အင်အား စီစစ်ရေး၊စီစစ်ပြီး ပါတီဝင်အင်အားများအား သတ်မှတ်ပုံစံဖြင့် ဖြည့်သွင်းပြုစုရေး၊ပါတီဝင်နှစ်စဉ်ကြေးများ ကောက်ခံပေးသွင်းရေး၊ခရိုင်/မြို့နယ်များတွင် လစ်လပ်ကော်မတီဝင်နေရာများ အစားထိုးတာဝန်ပေးအပ်ရေး၊Application ဖြင့် ပါတီဝင်ပုံစံ ဖြည့်သွင်းရေး၊မြို့နယ်အလိုက် အောင်နိုင်ရေး Mapping ရေးဆွဲရေး လုပ်ငန်းစဉ်များအား မြို့နယ်များမှ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးပါတီကော်မတီဝင်များက မိမိတို့ သက်ဆိုင်ရာနယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက်သွားရေး ဆွေးနွေးပြောကြားခဲ့ပါသည်။

==========

မန္တလေးတိုင်းဒေသကြီး၊ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမန္တလေးတိုင်းဒေသကြီးပါတီကော်မတီ(အလုပ်အမှုဆောင်အဖွဲ့)နှင့်
လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မန္တလေး ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးပါတီကော်မတီ (အလုပ်အမှုဆောင်အဖွဲ့) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် ၇/၂၀၂၄ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး၊ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပါတီဗဟို အလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး၊ပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာမောင်သင်းက စာဖတ်ရှိန်မြှင့်တင်ရေး Book Review အစီအစဥ်နှင့်ဆွေးနွေးပွဲ ပြုလုပ်သွားရေး၊ကေဒါရွေးချယ် လေ့ကျင့်ရေးနှင့်ပါတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပါတီဝင်အင်အား စီစစ်ရေး၊စီစစ်ပြီး ပါတီဝင်အင်အားများအား သတ်မှတ်ပုံစံဖြင့် ဖြည့်သွင်းပြုစုရေး၊ပါတီဝင်နှစ်စဥ်ကြေးများ ကောက်ခံပေးသွင်းရေး၊ခရိုင်/မြို့နယ်များတွင် လစ်လပ်ကော်မတီဝင်နေရာများ အစားထိုးတာဝန်ပေးအပ်ရေး၊Application ဖြင့် ပါတီဝင်ပုံစံ ဖြည့်သွင်းရေး၊မြို့နယ်အလိုက် အောင်နိူင်ရေး Mapping ရေးဆွဲရေး လုပ်ငန်းစဥ်များအား မြို့နယ်များမှ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးပါတီကော်မတီဝင်များက မိမိတို့ သက်ဆိုင်ရာနယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက်သွားရေး ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးပါတီကော်မတီဝင်များမှ ကဏ္ဍအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား တင်ပြဆွေးနွေးခဲ့ပါသည်။