ဗြိတိသျှသံရုံးမှ နိုင်ငံရေးအရာရှိ ရှမ်း/မြောက် ပြည်ခိုင်ဖြိုးပါတီနှင့် လာရောက်တွေ့ဆုံ

 

ဗြိတိသျှသံရုံးအရာရှိ Miss Lol Ram Muani သည် ရှမ်း/မြောက်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်နယ်ရုံး ဧည့်ခန်း၌ (၂၀-၉-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၀၀)နာရီထိ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းပါသည်။

ထိုသို့ တွေ့ဆုံမေးမြန်းရာ၌ –

– ၂၀၁၅ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံး အောင်နိုင်ခဲ့မှုအတွက် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သနည်း။

– လားရှိုး၌ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် နှစ်နေရာအောင်နိုင်သော မြို့ ဖြစ်သည့်အတွက် ဒေသဖွံဖြိုးရေးကို ဘယ်လိုဆောင်ရွက်ပေးနေသနည်း။

– လက်နက်ကိုင် တိုက်ပွဲများ များပြားရာဒေသဖြစ်သည့်အတွက် စစ်ဘေး ဒုက္ခသည်များကို ဘယ်လို ကူညီနေသနည်း။

– ပါတီဖွဲ့စည်းပုံ၊ ဒေသတိုင်း ၊ ကျေးရွာတိုင်းမှာ ဖွဲ့စည်းနိုင်သလား။

– ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ပါဝင်ကူညီနိုင်မှု၊

– အစွန်းရောက် ပဋိပက္ခအခြေအနေ

– ပါတီဌာနချု ပ်မှ ဘယ်လို ထောက်ပံ့ပေးသနည်း။

– အခြားနိုင်ငံရေးပါတီများနှင့် ထိတွေ့ဆက်ဆံမှု၊

-၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှု၊တို့ကို မေးမြန်းရာပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းမှ မိမိပါတီ၏ မူဝါဒ၊ စုဖွဲ့မှု၊ ၂၀၁၅ ရွေးကောက်ပွဲ ယှဉ်ပြို င်ခဲ့မှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးနှင့် မဲဆန္ဒ ရှင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှု၊ စစ်ဘေးရှောင်၊ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ပံ့ပိုးမှု၊ ရခိုင်ဒေသနှင့်ပတ်သက်သည့် မိမိပါတီ ဦးဆောင်သော (၂၉) ပါတီ ကြေညာချက်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

Crd;