ပါးလ္မားရဲ့ေနာက္က်သြင္းဂိုးေတြနဲ႔ အိမ္ကြင္းမွာ မန္ယူကို အနိုင္ရခဲ့တဲ့ ခ်ယ္လ္ဆီး

ဧၿပီ ၅

ယေန႔နံနက္အေစာပိုင္းက ပရီးမီးယားလိဂ္ပြဲစဥ္(၃၁)အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ရာ ခ်ယ္လ္ဆီးအသင္းက မန္ယူအသင္းကို (4-3)ဂိုးရလဒ္နဲ႔ အနိုင္ရရွိခဲ့ပါတယ္။

မန္ယူဟာ ဂါနာခ်ိဳရဲ့သြင္းဂိုးေၾကာင့္ အနိုင္ရၿပီလို႔ ထင္မွတ္ခဲ့ေပမယ့္ ပါးလ္မားရဲ့ေနာက္က်သြင္းဂိုးေတြေၾကာင့္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ အံ့အားသင့္ဖြယ္ရႈံးနိမ့္ခဲ့ရပါတယ္။

ပါးလ္မားရဲ့ ေနာက္က်ပင္နယ္တီဂိုးေၾကာင့္ သေရနဲ႔ပြဲၿပီးၿပီလို႔ ထင္ခဲ့ေပမယ့္ ေနာက္ဆုံးမိနစ္မွာ ပါးလ္မားရဲ့ကန္ခ်က္က တိုမီေနးနဲ႔ထိၿပီး ဂိုးဝင္သြားတာေၾကာင့္ ခ်ဲလ္ဆီးတို႔ အိမ္ကြင္းမွာ အဖိုးတန္နိုင္ပြဲရွာေဖြသြားနိုင္ခဲ့ပါတယ္။

အဆိုပါ နိုင္ပြဲေၾကာင့္ နည္းျပပိုခ်က္တီနိုရဲ့ခ်ယ္လ္ဆီးအသင္း အမွတ္ေပးဇယားအဆင့္(၁၀)ေနရာကို တက္လာနိုင္ခဲ့ပါတယ္။

========

ပါးလ်မားရဲ့နောက်ကျသွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ မန်ယူကို အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး

ဧပြီ ၅

ယနေ့နံနက်အစောပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီးအသင်းက မန်ယူအသင်းကို (4-3)ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်ယူဟာ ဂါနာချိုရဲ့သွင်းဂိုးကြောင့် အနိုင်ရပြီလို့ ထင်မှတ်ခဲ့ပေမယ့် ပါးလ်မားရဲ့နောက်ကျသွင်းဂိုးတွေကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ရပါတယ်။

ပါးလ်မားရဲ့ နောက်ကျပင်နယ်တီဂိုးကြောင့် သရေနဲ့ပွဲပြီးပြီလို့ ထင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ပါးလ်မားရဲ့ကန်ချက်က တိုမီနေးနဲ့ထိပြီး ဂိုးဝင်သွားတာကြောင့် ချဲလ်ဆီးတို့ အိမ်ကွင်းမှာ အဖိုးတန်နိုင်ပွဲရှာဖွေသွားနိုင်ခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် နည်းပြပိုချက်တီနိုရဲ့ချယ်လ်ဆီးအသင်း အမှတ်ပေးဇယားအဆင့်(၁၀)နေရာကို တက်လာနိုင်ခဲ့ပါတယ်။