ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီအစည္းအေဝး အမွတ္စဥ္ (၃/၂၀၂၄)ျပဳလုပ္

 

ဧၿပီ ၄၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီအစည္းအေဝး အမွတ္စဥ္(၃/၂၀၂၄)ကို ၂၀၂၄ ခုႏွစ္၊ ဧၿပီလ (၂) ရက္ေန႔ႏွင့္ (၃) ရက္ေန႔တို႔တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)၌ ျပဳလုပ္ခဲ့ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ားႏွင့္ ပါတီဗဟိုအလုပ္အမႈေဆာင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ား စုံညီစြာတက္ေရာက္ခဲ့ၾကပါသည္။
ပထမေန႔အစည္းအေဝးကို ဧၿပီလ (၂)ရက္ေန႔ နံနက္ (၀၉:၃၀)နာရီအခ်ိန္တြင္ ျပဳလုပ္ရာ အစီအစဥ္အရ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကား ေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ၿပီးခဲ့သည့္ စုံညီအစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၿပီးစီးမႈကို ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းက ဖတ္ၾကားခဲ့ပါသည္။ ဆက္လက္၍ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ားက မိမိတို႔ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ လုပ္ငန္းေဆာင္ရြက္မႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပခဲ့ရာ လိုအပ္ခ်က္မ်ားကို ဥကၠ႒ ဦးခင္ရီက ေဆြးေႏြးမွာၾကားခဲ့ၿပီး ပထမေန႔အစည္းအေဝးကို ညေန(၁၆:၄၅)နာရီအခ်ိန္တြင္ ရပ္နားခဲ့ပါသည္။
ဒုတိယေန႔အစည္းအေဝးကို ဧၿပီလ (၃)ရက္ေန႔ နံနက္(၀၉:၃၀)နာရီအခ်ိန္တြင္ ဆက္လက္ျပဳလုပ္ရာ အစီအစဥ္အရ ျပည္ေထာင္စုနယ္ေျမပါတီမွ ရွင္းလင္းတင္ျပပါသည္။ ထို႔ေနာက္ ပါတီလုပ္ငန္းစိစစ္ေရး၊ ပါတီစည္းကမ္းထိန္းသိမ္းေရးေကာ္မတီႏွင့္ ပါတီဌာနႀကီး(၆)ခု၊ ေရးရာေကာ္မတီ(၈)ရပ္တို႔မွ တာဝန္ခံဗဟိုအတြင္းေရးမႉး/ဗဟိုအလုပ္အမႈေဆာင္မ်ားက လုပ္ငန္းေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားႏွင့္ လိုအပ္ခ်က္မ်ားကို ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
ဆက္လက္၍ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ အေထြေထြအတြင္းေရးမႉး၊ ဒုတိယဥကၠ႒မ်ားက လိုအပ္ခ်က္မ်ားကို ေဆြးေႏြးမွာၾကားခဲ့ၾကၿပီး ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္ လမ္းညႊန္အမွာစကားေျပာၾကားခဲ့ၿပီး ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီ အစည္းအေဝးကို (၁၇:၃၀)နာရီအခ်ိန္တြင္ ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ (၂)ရက္တာစုံညီအစည္းအေဝးတြင္ ပါတီဝင္အင္အားစိစစ္ေရးကိစၥ၊ ျပည္သူႏွင့္တသားတည္းက်ေသာ အသြင္သစ္ႏွင့္ဆက္ဆံေရး၊ မီဒီယာက႑ျမႇင့္တင္ေရး၊ ၂၀၂၄ ခုႏွစ္ ေဆာင္ရြက္ဆဲလုပ္ငန္းမ်ားႏွင့္ ​ေရွ႕လုပ္ငန္းစဥ္မ်ားအား ေဆြးေႏြးဆုံးျဖတ္ခဲ့ၾကပါသည္။

==========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ပြုလုပ်

ဧပြီ ၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
ပထမနေ့အစည်းအဝေးကို ဧပြီလ (၂)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပြုလုပ်ရာ အစီအစဉ်အရ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြီးခဲ့သည့် စုံညီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်ချက်များကို ဥက္ကဋ္ဌ ဦးခင်ရီက ဆွေးနွေးမှာကြားခဲ့ပြီး ပထမနေ့အစည်းအဝေးကို ညနေ(၁၆:၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
ဒုတိယနေ့အစည်းအဝေးကို ဧပြီလ (၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆက်လက်ပြုလုပ်ရာ အစီအစဉ်အရ ပြည်ထောင်စုနယ်မြေပါတီမှ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပါတီလုပ်ငန်းစိစစ်ရေး၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီနှင့် ပါတီဌာနကြီး(၆)ခု၊ ရေးရာကော်မတီ(၈)ရပ်တို့မှ တာဝန်ခံဗဟိုအတွင်းရေးမှူး/ဗဟိုအလုပ်အမှုဆောင်များက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌများက လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ် လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီ အစည်းအဝေးကို (၁၇:၃၀)နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ (၂)ရက်တာစုံညီအစည်းအဝေးတွင် ပါတီဝင်အင်အားစိစစ်ရေးကိစ္စ၊ ပြည်သူနှင့်တသားတည်းကျသော အသွင်သစ်နှင့်ဆက်ဆံရေး၊ မီဒီယာကဏ္ဍမြှင့်တင်ရေး၊ ၂၀၂၄ ခုနှစ် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ​ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။