ၿမိတ္ၿမိဳ႕ သီတဂူ ဇီဝိတစကၡဳဒါနေဆး႐ုံ အခမဲ့ေဆးကုသခန္း၌ သံဃာေတာ္ႏွင့္ သီလရွင္မ်ား၏ မ်က္စိေရာဂါေဝဒနာမ်ားကို ေဖေဖာ္ဝါရီ(၂၃)ရက္မွ စတင္၍ အခမဲ့ ကုသေပးမည္

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕၊ ကန္ဖ်ားနယ္ေျမ၊ တပ္ျပင္ရပ္၊ စပါးေရႊဝါလမ္းရွိ သီတဂူဇီဝိတ စကၡဳဒါန ေဆး႐ုံ ေဆးကုသခန္းတြင္ သံဃာေတာ္ႏွင့္ သီလရွင္မ်ား၏ က်န္းမာေရး အခမဲ့စမ္းသပ္ကုသေပးေနသည့္အျပင္ ေဖေဖာ္ဝါရီ(၂၃)ရက္မွ စတင္၍ မ်က္စိေရာဂါ ေဝဒနာမ်ားကိုပါ အခမဲ့ စမ္းသပ္စစ္ေဆး ကုသေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
သီတဂူဇီဝိတ စကၡဳဒါနေဆး႐ုံတြင္ ၂၀၂၃ ခုႏွစ္ ဇြန္လမွစတင္၍ အပတ္စဥ္ တနလၤာေန႔မွ ေသာၾကာေန႔ အထိ သံဃာေတာ္ႏွင့္ သီလရွင္မ်ားကို အခမဲ့က်န္းမာေရးစစ္ေဆး ကုသေပးလ်က္ရွိရာ လက္ရွိအခ်ိန္အထိ သံဃာေတာ္ (၁၃၂)ပါး၊ သာမေဏ (၁၇၉) ပါး၊ သီလရွင္ (၂၃) ပါးႏွင့္ေက်ာင္းသား(၂၄)ဦး စုစုေပါင္း(၃၅၈)ပါးကို က်န္းမာေရးေစာင့္ေရွာက္ေပးနိုင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ က်န္းမာေရးစစ္ေဆးကုသ ေစာင့္ေရွာက္ေပးနိုင္ခဲ့သည့္အျပင္ သံဃာေတာ္ႏွင့္ သီလရွင္မ်ား၏ မ်က္စိေရာဂါ ေဝဒနာမ်ားကိုပါ မ်က္စိေရာဂါ စမ္းသပ္စက္မ်ားျဖင့္ ေဖေဖာ္ဝါရီ(၂၃)ရက္မွ စတင္၍ အပတ္စဥ္ တနလၤာ၊ ဗုဒၶဟူးႏွင့္ ေသာၾကာေန႔ နံနက္(၉)နာရီမွ(၁၁)နာရီအထိ အခမဲ့ စမ္းသပ္စစ္ေဆး ကုသေပးသြားမည္ ျဖစ္သည္။
ၿမိတ္ခရိုင္အတြင္းရွိ သံဃာေတာ္ႏွင့္ သီလရွင္မ်ားအား အခမဲ့ ေဆးကုသေပးျခင္းကို ၿမိတ္ၿမိဳ႕ သီတဂူဇီဝိတ စကၡဳဒါနေဆး႐ုံ ဩဝါဒစရိယဆရာေတာ္မ်ား၏ လမ္းညႊန္မႈ၊ ေဆး႐ုံစီမံေစာင့္ေရွာက္ေရးအဖြဲ႕၏ ဦးေဆာင္မႈျဖင့္ အထူးကုဆရာဝန္ႀကီးမ်ားက ပုံမွန္အတိုင္း က်န္းမာေရးစမ္းသပ္ စစ္ေဆးကုသေပးေနျခင္းျဖစ္သည္။
ယင္းကဲ့သို႔ သံဃာေတာ္ႏွင့္ သီလရွင္မ်ား မ်က္စိေရာဂါ ေဝဒနာမ်ားကို အခမဲ့ စမ္းသပ္ကုသေပးသြားမည့္အျပင္ ျပည္သူမ်ား၏ မ်က္စိေရာဂါေဝဒနာမ်ားကိုပါ စရိတ္မၽွေပး အစီအစဥ္ျဖင့္ စမ္းသပ္ကုသေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

======

မြိတ်မြို့ သီတဂူ ဇီဝိတစက္ခုဒါနဆေးရုံ အခမဲ့ဆေးကုသခန်း၌ သံဃာတော်နှင့် သီလရှင်များ၏ မျက်စိရောဂါဝေဒနာများကို ဖေဖော်ဝါရီ(၂၃)ရက်မှ စတင်၍ အခမဲ့ ကုသပေးမည်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ တပ်ပြင်ရပ်၊ စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတ စက္ခုဒါန ဆေးရုံ ဆေးကုသခန်းတွင် သံဃာတော်နှင့် သီလရှင်များ၏ ကျန်းမာရေး အခမဲ့စမ်းသပ်ကုသပေးနေသည့်အပြင် ဖေဖော်ဝါရီ(၂၃)ရက်မှ စတင်၍ မျက်စိရောဂါ ဝေဒနာများကိုပါ အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတွင် ၂၀၂၃ ခုနှစ် ဇွန်လမှစတင်၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ သံဃာတော်နှင့် သီလရှင်များကို အခမဲ့ကျန်းမာရေးစစ်ဆေး ကုသပေးလျက်ရှိရာ လက်ရှိအချိန်အထိ သံဃာတော် (၁၃၂)ပါး၊ သာမဏေ (၁၇၉) ပါး၊ သီလရှင် (၂၃) ပါးနှင့်ကျောင်းသား(၂၄)ဦး စုစုပေါင်း(၃၅၈)ပါးကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးကုသ စောင့်ရှောက်ပေးနိုင်ခဲ့သည့်အပြင် သံဃာတော်နှင့် သီလရှင်များ၏ မျက်စိရောဂါ ဝေဒနာများကိုပါ မျက်စိရောဂါ စမ်းသပ်စက်များဖြင့် ဖေဖော်ဝါရီ(၂၃)ရက်မှ စတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ နံနက်(၉)နာရီမှ(၁၁)နာရီအထိ အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးသွားမည် ဖြစ်သည်။
မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်များအား အခမဲ့ ဆေးကုသပေးခြင်းကို မြိတ်မြို့ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ ဩဝါဒစရိယဆရာတော်များ၏ လမ်းညွှန်မှု၊ ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်ကြီးများက ပုံမှန်အတိုင်း ကျန်းမာရေးစမ်းသပ် စစ်ဆေးကုသပေးနေခြင်းဖြစ်သည်။
ယင်းကဲ့သို့ သံဃာတော်နှင့် သီလရှင်များ မျက်စိရောဂါ ဝေဒနာများကို အခမဲ့ စမ်းသပ်ကုသပေးသွားမည့်အပြင် ပြည်သူများ၏ မျက်စိရောဂါဝေဒနာများကိုပါ စရိတ်မျှပေး အစီအစဉ်ဖြင့် စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။