တ႐ုတ္ရဲ့ ပထမဆုံး တြဲေလာင္း လၽွပ္စစ္ ရထား

တ႐ုတ္ နိုင္ငံ ဝူဟန္မွာ တြဲေလာင္း လၽွပ္စစ္ ရထားကို စီးနင္းနိုင္ပါၿပီ။ ဒါဟာ တ႐ုတ္ရဲ့ ပထမဆုံး တြဲေလာင္း လၽွပ္စစ္ ရထား ျဖစ္ပါတယ္။ တြဲေလာင္း ရထားဟာ ဒီဇိုင္း ဆန္းသစ္ၿပီး လၽွပ္စစ္ စြမ္းအင္ကို သုံးထားတဲ့အတြက္ ပတ္ဝန္းက်င္ကို မပ်က္ဆီးေစပါဘူး။
တြဲေလာင္း ရထားရဲ့ အားသာခ်က္က စီးနင္းသူေတြအတြက္ ေဘးကင္းလုံျခဳံေရး ပိုေကာင္းၿပီး ခရီးသည္ေတြ စီးနင္းနိုင္တဲ့ ေနရာ ပိုက်ယ္ပါတယ္။ အသံ ဆူညံမႈနဲ႔ တုန္ခါမႈ နည္းပါးသလို တျခား အက်ိဳးေက်းဇူးေတြလည္း ရွိပါတယ္။
ရထားဟာ ၁ နာရီကို ၆၀ ကီလိုမီတာ အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္နိုင္ၿပီး ခရီးသည္ ၂၂၀ ကို သယ္ေဆာင္နိုင္ပါတယ္။ ခရီးသည္ေတြ ရႈခင္းၾကည့္ဖို႔ အရြယ္ႀကီး ျပတင္းေပါက္ေတြ ထည့္သြင္းထားၿပီး ေမာင္းသူမဲ့ ရထား ျဖစ္ပါတယ္။
ရထားလမ္းကို Wuhan Guanggu Aerial Rail Tourist Line လို႔ အမည္ေပးထားၿပီး ၁၀.၅ ကီလိုမီတာ အရွည္ရွိပါတယ္။ Nine Peaks National Forest Park နဲ႔ Longquanshan Ming Chuwang Tomb Archaeological Site Park ကို ဆက္သြယ္ဖို႔ ဒီဇိုင္းထုတ္ထားၿပီး ဘူတာ႐ုံ ၆ ခု ရွိပါတယ္။ ဝူဟန္ရဲ့ အေရွ႕ဘက္မွာ ရထားလမ္းကို တည္ေဆာက္ထားၿပီး စီမံကိန္း ကုန္က်စားရိတ္က ယြမ္ ၂.၅ ဘီလီယမ္ ျဖစ္ပါတယ္။
Ref : gizmochina
#DigitalTimes

======================

တရုတ်ရဲ့ ပထမဆုံး တွဲလောင်း လျှပ်စစ် ရထား

တရုတ် နိုင်ငံ ဝူဟန်မှာ တွဲလောင်း လျှပ်စစ် ရထားကို စီးနင်းနိုင်ပါပြီ။ ဒါဟာ တရုတ်ရဲ့ ပထမဆုံး တွဲလောင်း လျှပ်စစ် ရထား ဖြစ်ပါတယ်။ တွဲလောင်း ရထားဟာ ဒီဇိုင်း ဆန်းသစ်ပြီး လျှပ်စစ် စွမ်းအင်ကို သုံးထားတဲ့အတွက် ပတ်ဝန်းကျင်ကို မပျက်ဆီးစေပါဘူး။
တွဲလောင်း ရထားရဲ့ အားသာချက်က စီးနင်းသူတွေအတွက် ဘေးကင်းလုံခြုံရေး ပိုကောင်းပြီး ခရီးသည်တွေ စီးနင်းနိုင်တဲ့ နေရာ ပိုကျယ်ပါတယ်။ အသံ ဆူညံမှုနဲ့ တုန်ခါမှု နည်းပါးသလို တခြား အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။
ရထားဟာ ၁ နာရီကို ၆၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး ခရီးသည် ၂၂၀ ကို သယ်ဆောင်နိုင်ပါတယ်။ ခရီးသည်တွေ ရှုခင်းကြည့်ဖို့ အရွယ်ကြီး ပြတင်းပေါက်တွေ ထည့်သွင်းထားပြီး မောင်းသူမဲ့ ရထား ဖြစ်ပါတယ်။
ရထားလမ်းကို Wuhan Guanggu Aerial Rail Tourist Line လို့ အမည်ပေးထားပြီး ၁၀.၅ ကီလိုမီတာ အရှည်ရှိပါတယ်။ Nine Peaks National Forest Park နဲ့ Longquanshan Ming Chuwang Tomb Archaeological Site Park ကို ဆက်သွယ်ဖို့ ဒီဇိုင်းထုတ်ထားပြီး ဘူတာရုံ ၆ ခု ရှိပါတယ်။ ဝူဟန်ရဲ့ အရှေ့ဘက်မှာ ရထားလမ်းကို တည်ဆောက်ထားပြီး စီမံကိန်း ကုန်ကျစားရိတ်က ယွမ် ၂.၅ ဘီလီယမ် ဖြစ်ပါတယ်။
Ref : gizmochina
#DigitalTimes