ကမၻာ့ဖလားေျခစစ္ပြဲ ဒုတိယအေက်ာ့တြင္ ျမန္မာ အသင္း မကာအိုကို သေရကစားၿပီး ေနာက္တစ္ဆင့္တက္ေရာက္

ေအာက္တိုဘာ ၁၈
၂၀၂၆ ကမၻာ့ဖလား အာရွဇုန္ပထမအဆင့္ေၿခ စစ္ပြဲ ဒုတိယအေက်ာ့အျဖစ္ မကာအိုအသင္းႏွင့္ ျမန္မာအသင္းတို႔ ေအာက္တိုဘာ ၁၇ ရက္က မကာ အို၌ ယွဥ္ၿပိဳင္ကစားရာ ဂိုးမရွိ သေရက်ခဲ့သည္။
ပထမအေက်ာ့ အိမ္ကြင္းပြဲတြင္ ဂိုးျပတ္အနိုင္ ရထားသည့္ ျမန္မာအသင္းသည္ အေဝးကြင္း၌ သက္ ေသာင့္သက္သာကစားၿပီး သေရရလဒ္ႏွင့္အတူ ႏွစ္ေက်ာ့ေပါင္းရလဒ္ ငါးဂိုး-တစ္ဂိုးျဖင့္ အနိုင္ရကာ ေနာက္တစ္ဆင့္ တက္ေရာက္နိုင္ခဲ့သည္။ ျမန္မာအသင္းသည္ ဒုတိယအဆင့္ ေျခစစ္ပြဲတြင္ အာရွအင္အားႀကီးအသင္းမ်ားႏွင့္ ရင္ဆိုင္ရမည္ျဖစ္သည္။
ျမန္မာအသင္းအေနဟာ ကမၻာ့ဖလား (အာရွဇုန္) ဒုတိယအဆင့္မွာ အာရွအင္အားႀကီးအသင္းေတြျဖစ္တဲ့ ဂ်ပန္၊ ေျမာက္ကိုရီးယား၊ ဆီးရီးယားတို႔ ပါဝင္တဲ့ အုပ္စု ခ မွာ ‌က်ေရာက္ေနပါတယ္။
ျမန္မာလက္ေရြးစင္အသင္းဟာ အဖြင့္ပြဲစဥ္ျဖစ္တဲ့ ဂ်ပန္အသင္းနဲ႔ပြဲကို နိုဝင္ဘာ ၁၅ ရက္ေန႔ ဂ်ပန္နိုင္ငံမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ေျမာက္ကိုရီးယား နဲ႔ ဒုတိယေျမာက္ပြဲစဥ္ကို နိုဝင္ဘာ ၂၀ ရက္ေန႔ မသုဝဏၰကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။

========================

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့တွင် မြန်မာ အသင်း မကာအိုကို သရေကစားပြီး နောက်တစ်ဆင့်တက်ရောက်

အောက်တိုဘာ ၁၈၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ပထမအဆင့်ခြေ စစ်ပွဲ ဒုတိယအကျော့အဖြစ် မကာအိုအသင်းနှင့် မြန်မာအသင်းတို့ အောက်တိုဘာ ၁၇ ရက်က မကာ အို၌ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိ သရေကျခဲ့သည်။ပထမအကျော့ အိမ်ကွင်းပွဲတွင် ဂိုးပြတ်အနိုင် ရထားသည့် မြန်မာအသင်းသည် အဝေးကွင်း၌ သက် သောင့်သက်သာကစားပြီး သရေရလဒ်နှင့်အတူ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ မြန်မာအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲတွင် အာရှအင်အားကြီးအသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းအနေဟာ ကမ္ဘာ့ဖလား (အာရှဇုန်) ဒုတိယအဆင့်မှာ အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့ ပါဝင်တဲ့ အုပ်စု ခ မှာ ‌ကျရောက်နေပါတယ်။
မြန်မာလက်ရွေးစင်အသင်းဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂျပန်အသင်းနဲ့ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး မြောက်ကိုရီးယား နဲ့ ဒုတိယမြောက်ပွဲစဉ်ကို နိုဝင်ဘာ ၂၀ ရက်နေ့ မသုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။