ခရမ္းကေစာ့သီး က ရနိုင္တဲ့ အက်ိဳးအာနိသင္

ခရမ္းကေစာ့သီးကို အဂၤလိပ္လို Turkey Berry (တာခ္ကီ ဘယ္ရီ)လို႔ေခၚၿပီး သူ႔ရဲ့ ႐ုကၡ‌ေဗဒအမည္ကေတာ့ Solanum torvum (ဆိုလိမ္နမ္ တိုဗမ္)လို႔ေခၚပါတယ္။ ျမန္မာလူမ်ိဳး အမ်ားစုကေတာ့ ခရမ္းကေစာ့သီးကို ဟင္းခ်က္ျခင္း၊ေထာင္း၍စားျခင္း၊တို႔စရာအျဖစ္စားျခင္းစသျဖင့္ အမ်ိဳးမ်ိဳး စားသုံးေလ့ရွိပါတယ္။
ခရမ္းကေစာ့သီးစားသုံးျခင္းက ရနိုင္တဲ့ အက်ိဳးအာနိသင္ေတြကေတာ့ အေအးမိတုပ္ေကြးေရာဂါမ်ား မျဖစ္ေအာင္ ကာကြယ္ေပးျခင္း၊ ပန္းနာရင္က်ပ္ေရာဂါမ်ားေၾကာင့္ ခၽြဲ၊ သလိပ္မ်ားထြက္ျခင္း၊ အဆုတ္ေရာင္ျခင္းမ်ား ျဖစ္ျခင္းမွ ကာကြယ္ေပးျခင္း၊ ေသြးအားနည္းေရာဂါ၊ ဆီးခ်ိဳေရာဂါ ၊ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါမ်ားကို ကာကြယ္ေပးတဲ့အျပင္ ေဂါက္ေရာဂါရွိသူမ်ားအတြက္လည္း နာက်င္ကိုက္ခဲမႈေတြကို သက္သာေစပါတယ္။ ဒါ့ျပင္ ကင္ဆာေရာဂါျဖစ္ပြားျခင္းမွကာကြယ္ေပးျခင္း၊ အေရျပားျပႆနာအမ်ိဳးမ်ိဳးကို သက္သာေစျခင္း၊ ကိုယ္ခံအား ေကာင္းေစျခင္း၊ သန္က်ေစျခင္း နဲ႔ အျမင္အာ႐ုံကိုလည္း ေကာင္းေစပါတယ္။ #sdtimedaily

==========================

ခရမ်းကစော့သီး က ရနိုင်တဲ့ အကျိုးအာနိသင်

ခရမ်းကစော့သီးကို အင်္ဂလိပ်လို Turkey Berry (တာခ်ကီ ဘယ်ရီ)လို့ခေါ်ပြီး သူ့ရဲ့ ရုက္ခ‌ဗေဒအမည်ကတော့ Solanum torvum (ဆိုလိမ်နမ် တိုဗမ်)လို့ခေါ်ပါတယ်။ မြန်မာလူမျိုး အများစုကတော့ ခရမ်းကစော့သီးကို ဟင်းချက်ခြင်း၊ထောင်း၍စားခြင်း၊တို့စရာအဖြစ်စားခြင်းစသဖြင့် အမျိုးမျိုး စားသုံးလေ့ရှိပါတယ်။
ခရမ်းကစော့သီးစားသုံးခြင်းက ရနိုင်တဲ့ အကျိုးအာနိသင်တွေကတော့ အအေးမိတုပ်ကွေးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း၊ ပန်းနာရင်ကျပ်ရောဂါများကြောင့် ချွဲ၊ သလိပ်များထွက်ခြင်း၊ အဆုတ်ရောင်ခြင်းများ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးအားနည်းရောဂါ၊ ဆီးချိုရောဂါ ၊နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါများကို ကာကွယ်ပေးတဲ့အပြင် ဂေါက်ရောဂါရှိသူများအတွက်လည်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါ့ပြင် ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးခြင်း၊ အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊ သန်ကျစေခြင်း နဲ့ အမြင်အာရုံကိုလည်း ကောင်းစေပါတယ်။ #sdtimedaily