“စတော်ဘယ်ရီသီး နဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ”

“စတော်ဘယ်ရီသီး နဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ” ဆိုတဲ့အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
သွေးထဲမှာရှိတဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ LDL-cholesterol တွေကို လျော့နည်းစေတဲ့ ဗီတာမင်နဲ့ ဖလေဗိုနွိုက်တွေ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့အာနိသင် ရှိပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
စတော်ဘယ်ရီသီး ၁၀ဝ ဂရမ်မှာ ပိုတက်စီယမ် ၁၅၃ မီလီဂရမ်ပါဝင်ပြီး သွေးတိုးကိုကျစေနိုင်တဲ့ အာနိသင် ရှိတာ‌ကြောင့် LDL-cholesterol တွေကိုပါ ကျစေနိုင်ပြီး ပုံမှန်စားသုံးမယ်ဆိုရင် သွေးတိုးရောဂါရှိသူများအတွက် များစွာအကျိုးရှိ‌ပါတယ်။
စတော်ဘယ်ရီသီးမှာပါတဲ့ ဖလေဗိုနွိုက်ဟာ အင်တီအောက်စီဒင့် (𝗔𝗻𝘁𝗶𝗼𝘅𝗶𝗱𝗮𝗻𝘁) အာနိသင်ရှိတာကြောင့် ကင်ဆာရောဂါဖြစ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဖလေဗိုနွိုက် လို့ခေါ်တဲ့ အနီရောင် အင်သိုဆိုင်ရာ နင်တွေဟာ ရောင်ရမ်းခြင်းကို လျော့နည်းအောင် ပြုလုပ်နိုင်စွမ်းရှိတာကြောင့် ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)ရဲ့ အကြံပြုချက်များမှထုတ်နုတ်ပြီး အများပြည်သူအတွက် ကျန်းမာရေး အသိပညာများ ရရှိစေရန်ရည်ရွယ်ပြီးတော့ တင်ဆက်ပေးရခြင်းဖြစ်ပါတယ်။
#sdtimedaily